.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, November 20, 2007

The genuine refuge

အရိပ်စစ်

အိမ်ပြင်ကမ္ဘာအား ငေးကြည့်ရင်း
ရင်ခုန်သံလေး ကျွန်တော်ကြားယောင်ဆဲ
သိတတ်စဘ၀ မိုးသားကောင်းကင်ထဲ
အတောင်ပံဖြန့်ကျက် သွားချင်တယ်
အယောင်ဆောင် ကြင်နာမှုများအလယ်
ပျော်ရွှင်မိုက်မဲ အိမ်မက်နေဆဲ
နွေးထွေးလှတဲ့ အမေ့ရဲ့အရိပ်ကို
ကျွန်တော် ကျောခိုင်းခဲ့ပါတယ်။

ပူလောင်မှုထဲ တိုးဝင်လျှောက်မယ်
ဒဏ်ရာတွေနဲ့ ပျော်တတ်လာတယ်
အားလုံးဆုံးရှုံး ရှုံးနိမ့်သွားချိန်မှာ
အမေ့ကိုတမ်းတ မျက်ရည်ဝဲ
အချိန်လွန်ကာမှ နောင်တတွေ
ရင်ကိုနာကျင် ချေမွနေဆဲ
အားလုံးဟားတိုက် မောင်းထုတ်လိုက်ချိန်မှာ
အမေဟာ အပြုံးနဲ့ ဆီးကြိုတယ်။

အဆုံးအစမဲ့ ပေးဆပ်ခြင်း
အေးမျှတဲ့ အရိပ်စစ်တစ်ခု
နူးညံ့တဲ့ အမေ့ရင်ထဲ
ပြန်ခိုလှုံခွင့် ရချင်တယ်
ဘ၀နဲ့ရင်းပြီး ရှုံးနိမ့်သွားတွေချိန်မှာ
အမေဟာ ကျွန်တော်ဘက် အမြဲနေခဲ့တယ်။

အိမ်ပြင်ကမ္ဘာအား ငေးကြည့်ရင်း
ရင်ခုန်သံလေး ကျွန်တော်ကြားယောင်ဆဲ
သိတတ်စဘ၀ မိုးသားကောင်းကင်ထဲ
အတောင်ပံဖြန့်ကျက် သွားချင်တယ်
အယောင်ဆောင် ကြင်နာမှုများအလယ်
ပျော်ရွှင်မိုက်မဲ အိမ်မက်နေဆဲ
နွေးထွေးလှတဲ့ အမေ့ရဲ့အရိပ်ကို
ကျွန်တော် ကျောခိုင်းခဲ့မိပါတယ်။

ကိုငှက်ကြီးရဲ့ အမေစီးရီးက သီချင်းလေး တစ်ပုဒ်ပါ။ တေးရေးကတော့ ဆောင်းဦးလှိုင်ပါ။ အမေကို ချစ်သော သားများ...သို့ (ထိုထက်ပို၍) အဝေးရောက် သားများ...သို့ (ထိုထက်ပို၍) သားဆိုးများ...သို့ အထူးသဖြင့် အမေ့ကိုချစ်သော အဝေးရောက် သားဆိုးများသို့ ရည်ညွှန်းပါသည် လို့ ကိုငှက်ကြီးကတော့ ရေးခဲ့ပါတယ်။ ကျွန်တော်ကတော့ အမေ့ကိုလည်း ချစ်ပါတယ်။ အခု အဝေးကိုလည်း ရောက်နေပါတယ်။ သားဆိုးလား ဆိုတာတော့ အမေ့ကိုပဲ မေးမှ သိမှာလေ။ ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် မဆိုးဘူးလို့ ထင်တာပဲဗျ။

အမေဆိုတာ အနှိုင်းမဲ့ အကြွင်းမဲ့ မေတ္တာရှင်ပါ။ ပြောင်းလဲခြင်း မရှိတဲ့... နွေးထွေးတဲ့... မေတ္တာကို အစဉ်အမြဲပေးနေသူပါ။ လောကလှည့်ကွက်ထဲမှာ အမျက်ရှမိတဲ့အတွက် အမေရဲ့မေတ္တာကို လတ်တလောမှာ နားမလည်မိတဲ့ သူတွေလည်း တစ်ချိန်မှာ နှလုံးသားလှတဲ့ အမေ့အပေါ်မှာ နားလည်စေချင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အယောင်ဆောင် ကြင်နာမှုများအလယ်မှာ အမေဆိုတာ အေးမျှတဲ့ အရိပ်စစ် တစ်ခုဆိုတာကို သိစေချင်မိပါတယ်။ ကျွန်တော်လို အဝေးမြေကို ရောက်နေတဲ့သူတွေအဖို့ မှန်းဆလို့ တမ်းတကာ လွမ်းရတဲ့ အချိန်လေးတွေပဲ ရှိနေပါတယ်ဗျာ။

5 comments:

su wai said...

ကိုဇူလိုင်ရေ…`အရိပ်စစ်´သီချင်းလေးက ဆုဝေ အရမ်းကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။ ဟိုးအရင် ဆောင်းဦးလှိုင် စပြီးဆိုတည်းက ကြိုက်ခဲ့တာပါ။ ထူးအိမ်သင် ပြန်ဆိုတော့ ပိုတောင် ကြိုက်သေးတယ်။ သီချင်းကောင်းလေးတွေကို စဉ်းစားပြီး တင်ပေးတတ်တယ်နော်။ အရင်တခါ ထူးအိမ်သင်ရဲ့ `သူငယ်ချင်း ´သီချင်းလေးတင်ပေးတည်းက ကျေးဇူးတင်နေတာပါ။ အခု ကျေးဇူးနှစ်ထပ်ကွမ်းပေါ့…။

ရန်ကင်း said...

ကိုဂျုလိုင်ရေ၀င်းကလောဖောင့်ကိုဒီတစ်ခါတော့ download ချလိုက်ပြီဗျ။အကိုများဖောင့်ပြောင်းမလားလို့ စောင့်နေတာအကိုမပြောင်းတော့ကျွန်တော်ပဲအကို့ ဆီကဒေါင်းလုပ်ချပြီးအပီအပြင်ဖတ်ပြီဗျ။အဝေးရောက်သားဆိုး
များလို့ တော့ကိုယ့်ကိုကိုမထင်ပါဘူးဗျာ။နိုင်ငံမှာခွေးတွေအုပ်ချုပ်မင်း
လုပ်နေကြလို့ ကျွန်တော်တို့ တွေကရောက်တဲ့အရပ်ကနေတက်နိုင်သလောက်လုပ်နေကြ
ရတာပါပဲဗျာ။မတက်နိုင်ဘူးဗျာ။

JulyDream said...

ဆုဝေရေ ...
ကျွန်တော်လည်း အဲဒီသီချင်းကို သဘောကျ မိပါတယ်။ ထူးအိမ်သင် ဆိုတာကလည်း ကောင်းလွန်းလို့ နှစ်ထပ်ကွမ်း ကြိုက်မိပါတယ်။ စာသားလေး တွေကလည်း အနှစ်သာရ ရှိပါတယ်ဗျာ။

ကိုရန်ကင်းရေ ...
ဖောင့်အတွက် ကျွန်တော် အဆင်ပြေသလို လုပ်ထားရ တာဖြစ်လို့ အနှောင့်အယှက် ဖြစ်သွားရင် စောရီးပါဗျာ။ အဝေးရောက် နေတာချင်း တူနေလို့ ခံစားချက်ကို နားလည် ပါတယ် ခင်ဗျာ။ ခြကိုက် ပိုးစား နေတဲ့ အိမ်အိုကြီးကို နိုင်သလောက် ပြန်လည် တည်ဆောက် ပံ့ပိုးကြ တာပေါ့ဗျာ။

Eduking said...

မျက်ရည်ကျခဲ့ဖူးတဲ့ သီချင်းလေးတစ်ပုဒ်ပါဗျာ....
မဖွင့်တာတော့ တော်တော်ကြာပါပြီ၊
နားထောင်ဖြစ်တိုင်း အိမ်ကို အရမ်း ပြန်ချင်တာပဲ....

JulyDream said...

ကွန့်မန့်ရေးပြီး ပြန်ဖျက်သွားတာ ဘယ်သူလဲ မသိဘူး။ ဖျက်ရင်လည်း အပြီး ဖျက်သွားပေါ့။ အခု လက်စလက်န ချန်ထားတော့ ဘာတွေများ ရေးထားပါလဲ ဆိုပြီး ဖတ်ချင်တဲ့ စိတ်ကို မနည်းတား ထားရတယ်ဗျာ။ ရက်စက်ပါပေ့။ အဟား

ပညာရေး ဘုရင်ကြီးရေ ...
ကျွန်တော်ကတော့ မျက်ရည်ကျတဲ့ အထိတော့ မခံစား ရဘူးခင်ဗျ။ ဒါပေမယ့် အိမ်ကိုတော့ လွမ်းမိတယ်ဗျာ။