မာန်လှိုင်းငယ်က ကြောက်ရတဲ့အကောင်များကို ရေးပေးပါဆိုပြီး TAG ထားပါတယ်။ အဲဒါနဲ့ ဒီပို့စ်လေးကို ရေးပါတယ် ခင်ဗျ။ အမှန်က ကြောက်ရတဲ့ အကောင်လို့ အကုန်သိမ်းကြုံး ပြောလို့တော့ မရဘူး။ ကြည့်မရတဲ့ မုန်းတဲ့ အကောင်တွေလို့ ပြောရင် ပိုမှန်မယ်။
ပထမဆုံး အကောင်ကတော့ ကြမ်းပိုး Bug ပဲ။ ကြမ်းပိုးဆိုတာကို ၂၀၀၃ မှာမှ ဘ၀မှာ စတင် ထိတွေ့ဖူးတယ်။ အိမ်မှာက ကြမ်းပိုး လုံးဝ မရှိဘူး။ ၂၀၀၃ ကြမှပဲ အဲဒီ ကြမ်းပိုးက ဘယ်ကနေ အိမ်ပေါ် ရောက်လာလဲ မသိဘူး။ အဲဒီတုန်းက ကျွန်တော် အိန္ဒိယပြည်ကနေ ပညာတော်သင်ဘ၀က ပြန်လာကာစ အချိန်။ ဟိမ၀န္တာ တောင်တန်းဘက်ကနေ ဟာနူမာန်ကြေးရုပ်ကလေး တစ်ရုပ် လက်ရာမြောက်လို့ အိမ်မှာ အလှထားဖို့ ၀ယ်လာခဲ့တယ်လေ။ အိမ်ရောက်တော့ ဗီရိုအပေါ်မှာ တရိုတသေ ထားလိုက်တာပေါ့။ အိမ်ပြန်ရောက်တဲ့ ည တစ်ညလုံး အိပ်မရဘူး။ တစ်ကိုယ်လုံး ယားလိုက်တာဗျာ။ မနက်မိုးလင်းတော့ တစ်ကိုယ်လုံး အဖုအပိန့်တွေကြီးပဲ။ အင်ပျင်တွေ ထွက်လာတာပေါ့။ နောက်တစ်ညလည်း အဲဒီလိုပဲ။ အင်ပျင်တွေ နေ့တိုင်း ထွက်နေတာပေါ့။ အဲဒါနဲ့ အိမ်က အဲဒီ အရုပ်နဲ့ ဓါတ်မတည့်ဘူး ထင်တယ်ဆိုပြီး သူများကို လက်ဆောင် ပေးခိုင်းလိုက်ရော။ အဲဒါနဲ့ ကျွန်တော့်အသိ ဗိသုကာ အကိုကြီး တစ်ယောက်ကို လက်ဆောင်ပေးလိုက်တယ်။ သူကတော့ အတော်လေး သဘောကျရှာတယ်။ ရုံးခန်းက သူ့ဗိသုကာ အလုပ်စားပွဲလေးပေါ်မှာ တင်ထားလိုက်တယ်။
အဲဒီ အရုပ်လေး အိမ်မှာ မရှိတော့ပေမယ့်လည်း ညဘက် အိပ်ရာဝင်ရင် ယားမြဲ ယားနေစဲပါပဲ။ မနက်မိုးလင်းရင် တစ်ကိုယ်လုံး အင်ပျင်တွေ ထွက်နေမြဲပါပဲ။ နောက်နေ့တွေ မသင်္ကာတာနဲ့ အိပ်ရာခင်းတွေ ဖျာတွေ လှန်ရှာကြည့်မှ ညဘက် အိမ်မရတဲ့ တရားခံ ကိုရွှေကြမ်းပိုးတွေကို တွေ့ရတော့တယ်။ အဲဒါနဲ့ ကုတင် တစ်ခုလုံး သန့်ရှင်းရေးလုပ်၊ ကြမ်းခင်းကြားတွေ နံရံကြားတွေမှာ ဒီဇယ်တွေ ဖြန်းရတော့တာပေါ့။ ညဘက် ယားနေရတဲ့ တရားခံက ဟာနုမာန်ကြေးရုပ်ကလေး မဟုတ်ပဲ ဒီကြမ်းပိုးတွေမှန်း သိရတော့ ကျွန်တော့် အရုပ်ကလေးကို နှမြောမိတယ်။ အဝေးကြီးကနေ တကူးတက ၀ယ်လာခဲ့တဲ့ အရာလေးလေ။ အဲဒီကစပြီး ကြမ်းပိုးကို အတော်လေး မုန်းတီးခဲ့ပါတယ်။ ကျွန်တော့် အသားက အတော်လေးနုတော့ ကြမ်းပိုး ကိုက်လိုက်ရင် အနီဖုကြီးတွေ ထွက်လာလေ့ရှိတယ်။ တော်ရုံ အကောင်ကိုက်တာနဲ့ ကြမ်းပိုးကိုက်တာ မတူသလိုပဲ။ ကြမ်းပိုးကိုက်ရင် အဖုတွေက ပိုလည်းများတယ်။ ပိုလည်းကြီးတယ်။ ကြမ်းပိုးရှိရင် အဲဒီနေရာမှာ ကျွန်တော် မအိပ်တော့ဘူး။ ဘယ်လောက်ပဲ အိပ်ရေးပျက်ပါစေ ... ကျွန်တော် မအိပ်ဘူး။ အိပ်ရတာနဲ့ အကိုက်ခံရတာ တန်မှ မတန်တာဗျာ။ အဲဒီကတည်းက ကြမ်းပိုးနဲ့ ရန်သူတော်ဖြစ်ခဲ့တာ အခုအချိန်အထိပါပဲ။
နောက်တစ်ခုကတော့ ကြောက်တဲ့အကောင်ပါ။ အဲဒီအကောင်ကတော့ မြွေ Snake ဆိုတဲ့ အကောင်ပါပဲ။ မြွေဆိုရင် ဘာမြွေဖြစ်ဖြစ် ကျွန်တော်ကြောက်ပါတယ်။ စပါးကြီးမြွေ Reticulate Snake ၊ လင်းမြွေ Rat-Snake ၊ မြွေပွေး Viper ၊ မြွေဟောက် Cobra ၊ ခလောက်မြွေ Rattle-Snake ၊ မြွေစိမ်းမီးခြောက် Green-pit Viper ၊ မြွေစိမ်းခေါင်းရှည် Garter-Snake ၊ ငန်းတော်ကြား Bonded Krait ကနေ ရေမြွေ Water-mocasin အထိ မြွေမှန်သမျှကို ကြောက်ပါတယ်။ မြွေတွေရဲ့ ပြောင်ချောချော အရေခွံရယ်၊ ပြူတစ်ပြူတစ် လျှာ ၂ ခွရယ်၊ အစွယ် ၂ ချောင်းရယ်ကို ကြောက်တာလည်း ပါပါတယ်။ အဲဒီ ပြောင်ချောနေတဲ့ အရေခွံကြတော့ မကိုင်ရဲ မထိရဲတာပါ။ ပြူတစ်ပြူတစ် လျှာ ၂ ခွက ထုတ်လိုက် သွင်းလိုက်နဲ့ အငြိမ်ကို မနေတဲ့အတွက် အမြင်ကတ်နေမိတယ်။ အစွယ် ၂ ချောင်းကတော့ အဆိပ်ရှိတယ်လို့ စိတ်ထဲမှာ မြင်မိ ထင်မိနေတာကြောင့်ပါ။ အဆိပ်မရှိတဲ့ ရေမြွေလည်း အဆိပ်မရှိပေမယ့် မြွေဆိုတဲ့ အသိနဲ့ ကြောက်ပါတယ်။ အိမ်မှာ တစ်ခါက ဂျိုးဖြူ ပိုက်ကနေ ပါလာတဲ့ မြွေစိမ်းမီးခြောက် သေးသေးလေးကို အဒေါ်ဖြစ်တဲ့သူက တွေ့ပြီး ရေခွက်ထဲ ထည့်ထားပြီး ချောင်းထဲ သွားလွှတ်ဖို့ လုပ်ပါသေးတယ်။ အဲဒီတုန်းက ကျွန်တော် အဲဒီခွက်ကို ကိုင် မကြည့်ရဲဘူးဗျ။ ကျောင်းမှာတုန်းကလည်း ကန်တင်းနားမှ မြွေတွေ ဖြတ်သွားနေရင် အဲဒီကန်တင်းကို မသွားတော့ဘူး။ စားရ သောက်ရမှာထက် မြွေပေါက်ခံရမှာကို ပိုပြီး ကြောက်တယ်လေ။ မြွေကို ဖမ်းဖို့နေနေသာ မြွေရှိတယ်လို့ ကြားရင်ပဲ အဲဒီနားတစ်ဝိုက်ကို မကပ်တော့ပါဘူး။ ကဲ ... အဲဒီလောက်ထိ မြွေကို ကြောက်ပါတယ် ခင်ဗျ။

17 comments:
လတ်စသတ်တော့ ဦးဇူလိုင်က မြွေတို့၊ ဂျပိုးတို့ကို ကြောက်တာကိုး။ နိုင်ကွက်ရပြီကွ။ နောက်ကျ သဲကိုနောက်ရင် မြွေနဲ့တို့မယ်။ အိပ်ရာထဲကို ဂျပိုးလာထည့်မယ်။ ဒီအကြံကောင်းတယ် မဟုတ်လား။
ကျောက်စရစ်.... ညည်းက မြွေကိုင်ရဲလို့လား။ လျှောက်ပြောနေပြန်ပြီ။ ကြမ်းပိုးကတော့ မကြောက်ဘူးနော်။ ရှိရင် ရှာပြီးတော့ကို ချက်ချင်း အသေသတ်တာ။ နံတယ်လို့ ဘယ်လို ပြောပြော လက်နဲ့ကို ခြေပြီး သတ်တာ။ တော်ကြာ မျိုးပွါးပြီး များလာမှာ စိုးလို့ တွေ့ရာ နေရာ မျိုးဖြုတ် တော့တာပါပဲ။
ဦးဇူလိုင်ကလည်း ဘာလို့မကိုင်ရဲရမှာလဲ။ ဦးဇူလိုင်ကို တို့ဖို့ဆိုရင် သဲအရမ်းကြောက်ရင်တောင် မျက်စိမှိတ်ပြီး ရအောင်ကိုင်မယ်။ ကြမ်းပိုးကိုလည်း ရတယ်လေ။ ဦးဇူလိုင်က တစ်ကောင်သတ်၊ သဲကတစ်ကောင်ထပ်ထည့်မှာပေါ့။ မကောင်းဘူးလား။
ညည်းတောင် ကိုင်ရဲမှတော့ ကျုပ်က ပြေးပါဘူး။ အဲဒီတော့ မြွေကို ညည်းပဲ အရင်ကိုင်ပြလိုက်နော်။ ကြမ်းပိုးကတော့ ကြိုက်သလိုလာ မျိုးကို ဖြုတ်ပြမယ်။ လုံးဝ မပွါးမခံဘူး။ သူတို့ ပွါးရင် ကျုပ် နေစရာ ပျောက်သွားမှာကိုး။ လုံးဝ လုံးဝ မပွါးမခံပါ။
သဲကိုင်ရဲတာနဲ့ ဦးကမကြောက်ပါဘူးလို့ ဘယ်သူပြောလဲ။ သဲတို့ပထမနှစ်တုန်းက ကိုင်ရတယ်လေ။ ဦးက အရေခွံချောချောကြီးတွေကို ကြောက်တာဆိုတော့ သဲကိုမကိုက်နိုင်တဲ့ မြွေအရေခွံနဲ့ လာတို့မှာပေါ့။ အခုတော့ ဟန်ကိုယ့်ဖို့ မပြေးပါဘူး ပြောပေမယ့် တကယ်တို့ကြည့်မှပဲ ပြေးမပြေးသိရမှာမဟုတ်လား။ ဒါကြောက် တို့တာကတော့ တို့မှာပဲ။ ဘယ်လိုပြောပြော။ ရတယ် ဂျပိုးကလည်း ရအောင်ကို ထည့်ပြမယ်။ ဂျပိုးရှိလို့ မအိပ်ရဲတာနဲ့ မျက်ကွင်းညိုနေမှာ မြင်ယောင်သေး။ ဟိဟိ
မြွေအရေခံ ကိုတော့ မကြောက်ပါဘူး။ သက်ရှိ တွန့်လိမ်နေတဲ့ ကောင်ကို ကြည့်မရတာပါ။ အဟား ... ညည်း အဲဒီလောက်ထိ ရဲ နေမှတော့ ကျုပ် မပြေးပါဘူး။ ကြမ်းပိုးကတော့ စမ်းကြည့်လေ။ တစ်ကောင်ထည့် တစ်ကောင် သတ်နေတာနဲ့ ပွဲသိမ်းနေမှာပါ။ ကျုပ် မျက်ကွင်း ညို မညိုတော့ မသိဘူး။ ညည်းတော့ ကြမ်းပိုး မွေးနေရတာနဲ့ အလုပ်တွေ များနေမှာ မြင်ယောင်သေးတယ်။
ရတယ်လေ။ တစ်နေ့တစ်ကောင်သတ်မယ်ဆိုရင် ဂျပိုးကို အကောင်အများကြီး တစ်ခါတည်း ထည့်ထားမှာပေါ့။ ဒါမှ မျိုးတွေပွားပြီး ဦးဇူလိုင်တစ်ယောက် အိပ်ရေးတွေပျက်၊ ဒေါသကလည်း ကြီးတော့ ဂျပိုးတွေကို မရမက လိုက်သတ်၊ ပါဝါကလည်း တိုးနေတော့ မမြင်မစမ်းနဲ့ နံရံနဲ့ခေါင်းနဲ့ ဆောင့်မိပြီး ပတ်တီးဖြူဖြူအဖွေးသားနဲ့ ဖြစ်နေမှာ မြင်ယောင်သေး။ အဲဒီ့တော့မှ သဲရေ ကယ်ပါဦးလို့ လာမပြောနဲ့နော်။ ဟိဟိ။ မြွေကလည်း အရေခွံမကြောက်ရင် အဆိပ်မရှိတဲ့ ရေမြွေနဲ့တို့မယ်။ ဘာဖြစ်လဲ ဘာဖြစ်လဲ
ကြည့်စမ်း .. ဘယ်လောက်များ စိတ်ပုပ် စိတ်ယုတ်တွေ မွေးနေသလဲနော်။ အဲဒီ ကြမ်းပိုးနဲ့ မြွေထဲကကို မထွက်တော့ဘူး။ အဲဒီ အကောင်တွေနဲ့ အမျိုးများ တော်နေလို့လား မသိဘူး။
အမယ် သူများကိုများ စိတ်ပုပ်သလေးပါလေးနဲ့ စရေးထားတဲ့ ကော်မန့်ကို သေချာမဖတ်ဘူး။ သဲကိုနောက်မှ တို့မယ်လို့ ပြောတာလေ။ ဒီအတိုင်းဆို ဘယ်သူကတို့မှာလဲ။ သဲကတော့ ဂျပိုးတို့ မြွေတို့နဲ့တော့ အမျိုးမတော်ပါဘူး။ ဒါပေမယ့် သဲအသိထဲမှာတော့ သူတို့နဲ့အမျိုးတော်တဲ့လူ ရှိတယ်။ သူကလေ အမျိုးအချင်းချင်း ရန်ဖြစ်ပြီးတော့ သူ့အမျိုးတွေကို သူပြန်ကြောက်နေတယ်လေ။ သိလား
ဟာဟ
ကွန်မန့်ဝင်ပေးပါတယ်ဆို
သူတို့က ရန်ဖြစ်နေတာပါလား
ပျော်စရာကြီး
ဆက်ကြည့်လိုက်ဦးမယ်
မြွေကြောက်တာချင်းတူတယ်နော်
ဟီး
မြွေသေးသေးလေးတွေ လက်ဆောင်လာချသွားပေးတယ်ဗျ
ကြေးအိုး .... ညည်းလဲ အကျင့်ယုတ် ပြန်ပြီနော်။ မြွေသေးသေးလေးတွေ ချပေးရအောင် အဲဒီ မြွေတွေက ဘယ်က ရမလဲ။ မြွေကြောက်တဲ့သူ အချင်းချင်း ဘယ်လို မြွေကို ကိုင်ကြမလဲ။ အဟား။
ကွန့်မန့်တွေများနေလို့ဝင်ကြည့်တာ ရန်ဖြစ်နေတာကို။
ကိုဇူလိုင်ကို မွေးနေ့ရောက်ရင် မြွေတွေလက်ဆောင်ပေးဖို့
မှတ်ထားပါတယ်။
ရန်ဖြစ်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားပါပြီရှင်။ နှစ်ဘက်စလုံး သရေ (သွားရည်) ကျတာမို့ ။ နှစ်ယောက်စလုံးမှာ သရေခံလေးတွေနဲ့ဖြစ်နေပါတယ် ။ ဒန် တန့် တန့် ..။
ရန်ပွဲပဲ အောင်မြင်စွာ ပြီးဆုံးရတယ်လို့ .... ဒေါက်တာ မမလေး မွန်းသွပ်ကတော့ လုပ်ချလိုက်ပြန်ပြီ။ သားရည်ပဲ ကျရတယ် ရှိသေး။ အဟား ... အပျိုကြီးတွေ ခက်ပါတယ်။
မဇင်ကလည်း….။ သရေ မကျပါဘူး။ သဲနိုင်တာကို…။ ဟုတ်တယ်နော်။ ဦးဦးဇူလိုင်
အဟား..
မမွန်ကတော့ မြွေလုံးဝမကြောက်တတ်တာနော်။
အဆိပ်မရှိတဲ့မြွေဆိုတာသေချာရင် ကိုင်ရဲတယ်။
စင်ကာပူပြန်လာမှ လိုက်တို့အုံးမယ်။
Common Krait ကိုလည်း ငန်းတော်ကြားလို့ပဲ ခေါ်လား.. သိချင်ပါတယ်။ Saw scaled viper ကို ဘယ်လိုခေါ်လည်း ပြောပြပေးပါဦး...
Post a Comment