.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, September 15, 2008

The moon represents my heart

ဒီသီချင်းလေးက ၁၉၉၅ မေလ ၈ ရက်နေ့မှာ ဆုံးပါးခဲ့တဲ့ ထိုင်ဝမ်အဆိုတော် တန်လွှီကျွင်းရဲ့ ကျော်ကြားတဲ့ သီချင်းလေး တစ်ပုဒ်ပါ။ အဲဒီသီချင်းလေးကို တရုတ်လိုဆိုထားတာပါ။ သိတဲ့အတိုင်း ကျွန်တော် တရုတ်စာကို သိပ်မတတ်ပါဘူး။ ဒီသီချင်းလေးကို နှစ်ပေါင်းများစွာ နားယဉ်ခဲ့ပေမယ့် အဓိပ္ပါယ်ကို အသေအချာ မသိခဲ့ပါဘူး။ ဟိုတစ်စ ဒီတစ်စလေးပဲ သိထားပါတယ်။ အသေအချာ သိတာတစ်ခုကတော့... "လမင်းကြီးဟာ ငါ့အချစ်ကို ကိုယ်စားပြုတယ်" ဆိုတဲ့ ခေါင်းစဉ်လေးပါပဲ။

စနေနေ့ညက Red Cross Home for the Disabled (RCHD) ဂေဟာမှာ အဘွား ၂ ဦးက ကာရာအိုကေ အစီအစဉ်မှာ အဲဒီသီချင်းလေးကို ဆိုသွားပါတယ်။ သူတို့တွေ မပီကလာ ဆိုနေတာကို နားထောင်နေရင်း ဖန်သားပြင်က တရုတ်လိုရေးထားတဲ့ သီချင်းစာတန်းကို သိသလောက်လေး လိုက်ဖတ်ရင်း... တိုးတိုးလေး သီချင်း ညည်းမိပါတယ်။ အဲဒီည တစ်ညလုံး အဲဒီသီချင်း စာသား ဟိုတစ်ပိုင်း ဒီတစ်ပိုင်းတွေ ကျွန်တော် ပါးစပ်ဖျားမှာ ဟီးလေးခိုလို့ပေါ့။ နောက်ရက်တွေမှာလည်း သီချင်းညည်းမိရင် အဲဒီသီချင်းပဲ ဖြစ်နေပြန်ရော။ ဒါနဲ့ပဲ အင်တာနက်ကနေ သီချင်းဖိုင်လေး ရဖို့... သီချင်းစာသားတွေ ရဖို့... အသိမိတ်ဆွေတွေကို မေးမြန်းပြီး ရှာရဖွေရတာပေါ့ဗျာ။ အခုတော့ သီချင်းလေးကို အလွတ်နီးပါး ရသွားပါပြီဗျာ။ သီချင်းစာသားရဲ့ အနက် အဓိပ္ပါယ်ကိုလည်း ပြည့်ပြည့်စုံစုံ ခံစားနားလည်သွားပါပြီ။

ဒီသီချင်းလေးက တကယ်ကို Heart ထိတယ်ဗျာ။ တကယ် တကယ်ပါ... ဗျာ။

Yue liang dai biao wo de xin
By - Teresa Tang

ni wen wo ai ni you duo shen
wo ai ni you ji fen
wo de qing ye zhen
wo de ai ye zhen
yue liang dai biao wo de xin

ni wen wo ai ni you duo shen
wo ai ni you ji fen
wo de qing bu yi
wo de ai bu bian
yue liang dai biao wo de xin

* qing qing de yi ge wen
yi jin da dong wo de xin
shen shen de yi duan qing
jiao wo si nian dao ru jin

* ni wen wo ai ni you duo shen
wo ai ni you ji fen

* ** ni qu xiang yi xiang
ni qu kan yi kan
yue liang dai biao wo de xin

Repeat *
Repeat **


English Translation

You ask me how deep my love for you is,
How much I really love you…
My affection is real.
My love is real.
The moon represents my heart.

You ask me how deep my love for you is,
How much I really love you…
My affection does not waver,
My love will not change.
The moon represents my heart.

* Just one soft kiss
is enough to move my heart.
A period of time when our affection was deep,
Has made me miss you until now.

* You ask me how deep my love for you is,
How much I really love you.

* ** Go think about it.
Go and have a look [at the moon],
The moon represents my heart.

Repeat *
Repeat **

5 comments:

လင်း said...

အင်း အချစ်သီချင်းတွေ ဘာတွေခံစားနေတယ်။ ထူးထူးဆန်းဆန်း ပါလား၊ မရိုးတော့ဘူးထင်တယ်။

TZA said...

月亮代表我的心:
http://tinyurl.com/6fh7v5
ပျော်ရွှင်ပါစေ။

JulyDream said...

မလင်းရေ...
အထွေအထူး ဘာမှ မရှိပါကြောင်း... လမုန့်ပွဲတော်မှာ လမင်းကြီးကို တမ်းတတဲ့ သီချင်းလေးတွေ ဆိုကြတာ တွေ့လို့ ကျွန်တော်လည်း ရောဂါ ကူးသွားတာပါခင်ဗျ။

ကိုတီဇက်အေရေ...
အခုလို ဝေမျှတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။

Apprenticeship said...

ကောင်းတယ်ဗျိုး မွန်းကြီး respect ပေးဘို့ထက် ချစ်သူ respect ဖြစ်ဖို့ပို အရေးကြီးမယ်ထင်ထယ်နော် :D

JulyDream said...

ခင်ဗျာ... လမင်းကြီးကို Respect ပေးတယ်လို့ မဟုတ်ပါဘူး။ သြော် ချစ်သူလား... ပြန်မေးကြည့်လိုက်အုံးမယ် အရင်လို ချစ်သေးရဲ့လားလို့။ အဟက်...