အံ့အားသင့်စရာလား ဆိုတော့ အံ့အားသင့်စရာပါပဲ။ ဒါပေမယ့် အံ့အားသင့်စရာ အစစ်လည်း မဟုတ်ပါဘူး။ ဖြစ်ရိုးဖြစ်စဉ်လေးတစ်ခုလို့ ပြောလို့ရသလို ထူးကဲဖြစ်စဉ်လို့လဲ ပြောနိုင်ပါတယ်။ ဒါမျိုးတွေ ဖြစ်လာမှာကို ကြိုသိထားသလို ဒီလောက်ထိ ဖြစ်လာမယ်လို့လဲ မထင်ထားဘူး။ ဒါနဲ့ ခေါင်းထဲမှာ ချာချာလည်နေရတယ်။ ဒီလိုနဲ့ပဲ အတွေးတွေ ရီဝေေ၀ ဖြစ်နေရတယ်။
ဂျီတော့ခ်အချို့မှာ မတ်ဆေ့ခ်ျတစ်ခု တင်ထားတာကို သတိထား တွေ့မိနေတယ်။ နေ့လည်ပိုင်းက ဂျီတော့ခ်မှာ ညီမတစ်ယောက်က သတင်းလာမေးတယ်။ အဲဒီသတင်း ခိုင်မာမှုကို သေချာမသိသေးလို့ မသိသေးဘူးပဲ ဖြေလိုက်ရတယ်။ အရေးထဲမှာ အရာပေါ်ပြီး အသိတစ်ယောက်က ဂျီတော့ခ်မှာ ထပ်လာရစ်နေတယ်။ သူဆီကို အခြားနစ်ခ်တစ်ခုနဲ့ အီးမေးလ်ပို့လားတဲ့။ အဲဒီ အီးမေးလ်က ကောင်းတဲ့ အီးမေးလ် မဟုတ်ဘူးတဲ့။ ကျွန်တော် မပို့ပါဘူးလို့ ပြောလိုက်တယ်။ ဒါပေမယ့် သူက ကျွန်တော့်ကို ဘာဖြစ်လို့ အဲဒီလို ထင်ခဲ့ရသလဲပေါ့။ ကျွန်တော့်အနေနဲ့ ဒီလို အောက်တန်းကျကျ မဟုတ်မက အလုပ်မျိုးကို လုပ်ပါ့မလားပေါ့။ အံ့အားသင့်စရာပဲ။ ဘာကြောင့်လဲ။
ညနေပိုင်း ရုံးဆင်းပြီး အိမ်ပြန်ရောက် အိမ်အောက်က စာတိုက်ပုံးကို ဖွင့်လိုက်တော့ ကျွန်တော့်အမည်နဲ့ စာတစ်စောင် ၀င်နေတယ်။ အစိုးရရုံးကိစ္စနဲ့ ပါတ်သတ်ပြီး ပို့ထားတာ။ လူဝင်မှုကြီးကြပ်ရေးက စာဆိုတော့ အမြဲတမ်းအာပလာဖြစ်ဖို့ လျှောက်ထားတဲ့ကိစ္စနဲ့ပဲ ပါတ်သတ်မယ် ထင်လိုက်တယ်။ စာက လျှောက်လွှာတင်ပြီး ၂ လ အကြာမှာ ပြန်ဝင်လာတာပါ။ အဓိက ရေးထားတာက စလုံးမှာ အာပလာဖြစ်ဖို့ အရည်အချင်း မပြည့်မှီသေးကြောင်းပေါ့။ နောက်ထပ် ၆ လ ကြာမှ ထပ်လျှောက်နိုင်တယ်ဆိုပဲ။ ၀မ်းနည်း ၀မ်းသာပဲဗျာ။ ၀မ်းနည်းတယ်ဆိုတာက အငြင်းခံရလို့။ အဲဒီလိုပဲ အငြင်းခံရတာကိုတော့ သိပ်မကြိုက်လှဘူးဗျ။ ၀မ်းသာတာက ရတဲ့လခအပြည့် သုံးလို့ရနေသေးတဲ့ ဘ၀လေးမှာ ဆက်ရှိနေအုံးမယ်လေ။ အဲဒါကို လျှောက်ခဲ့တုန်းက ကျွန်တော့်ရုံးကနေ စာရွက်စာတမ်း အစုံအလင်နဲ့ ပြည့်ပြည့်စုံစုံ တင်ထားခဲ့တာတောင် မရဘူးဆိုပဲ။ အချိန်လိုနေသေးလို့လား။ အိမ်ထောင်မရှိလို့ပဲလား။ ဒါနဲ့ပဲ အံ့အားသင့်လိုက်ရမလား။
ညပိုင်း အိမ်မှာ ဂျီတော့ခ်သုံးရင်း ရန်ကုန်က အသိတစ်ယောက်နဲ့ တွေ့မိလို့ နေ့လည်က ကြားထားတဲ့ သတင်းကို မေးကြည့်လိုက်တယ်။ ဟုတ်လားပေါ့။ ဟုတ်တယ် အစ်ကိုတဲ့။ တကယ်ဆို သူ့ကို ကျွန်တော် အပြင်လောကမှာ မသိပါဘူး။ ကျွန်တော်နဲ့ ရင်းရင်းနှီးနှီး ရှိတဲ့လူအချို့ကနေ တဆင့်ခံပြီး သိထားရတဲ့သူပါ။ ဒီလောကထဲမှာ သူ့အကြောင်းကို အကောင်းပြောတဲ့သူ များလှပါတယ်။ မျှော်လင့်ချက်တွေနဲ့ အနာဂတ်ကို ဖန်တီးနေတဲ့တစ်ဦးပေါ့။ မနက်ဖြန်ပေါင်းများစွာကို အားတင်းပြီး တဖြည်းဖြည်း ကျော်ဖြတ်ရမယ့် သူ့ဘ၀ကို စာနာရုံကလွဲပြီး ကျွန်တော် ဘာမှမလုပ်ပေးနိုင်သေးပါဘူး။ ဒါနဲ့ပဲ ဆယ်စုနှစ် ၂ ခုကို နှစ်ဝက်ပေါင်း ဘောနပ်စ် ပေးထားတဲ့ အကြောင်းလေးက ကျွန်တော့်ပါးစပ်လေးကို ဟသွားစေပါတယ်။ ဘာတွေကြောင့် ဒီလောက်အထိ ပြင်းထန်သွားလဲပေါ့။ ကြည်ညိုစရာကောင်းအောင် ကြားလိုက်ရတာလေးက အံ့အားသင့်စရာပဲ။ တကယ်တော့ အံ့အားသင့်စရာလည်း မဟုတ်ပြန်ပါဘူး။ အော်ဆွေးဆိုတာ ကြာခဲ့ပါပြီ။ အခုမှ မဟုတ်ခဲ့ပါဘူး။
ဒီလိုနဲ့ အံ့အားသင့်စရာများစွာထဲမှာ ဘယ်အရာက တကယ့်ကို အံ့အားသင့်စရာလဲဆိုတာ သေသေချာချာ မဝေခွဲ မဆုံးဖြတ်နိုင်လောက်အောင် ခံစားချက်တွေ ရောမသမွှေ အံ့အားသင့်နေခဲ့ရပါတော့တယ်။
ဒါဒို့ပြည်... ဒါတို့မြေ...

5 comments:
ဒါဒို့ပြည် ... ဒါဒို့မြေ မဟုတ်ဘူး ဂျူလိုင်ရေ့ ... အမနဲ့ ဘလော့မောင် တယောက် အမြဲနောက်လေ့ရှိတာလေးပဲ ဆိုသွားတော့မယ် ... ဗျူးတီးဖိုး မြန်မာ ... ပလန်းတီးဖိုး မြန်မာ ... ဂိ ဂိ ဂိ မြန်မာ ဂစ် ဂစ် ဂစ် မြန်မာ ... ဒါကတော့ အံ့အားလည်းသင့်စရာကောင်း၊ တယ်လည်း အချိုးမပြေတဲ့ ကိစ္စကြီးပါဟာ။ :|
not too bad huh.. at least some surprises.. :P
အကိုရေ ဒီလိုပါပဲလို့ ပဲပြောတော့မယ်ဗျား(
ဘာပြောလို ပြောရမှန်းတောင် မသိတော့ဘူး
သတ္တ၀ါနဲ့ လက်နက် မမျှသလို နောက်ဆုံး over dose တွေဖြစ်ပြီး ဆေးမနိုင်တော့မှ အဖေလည်း မကယ်နိုင် အမေလည်း မကယ်နိုင် ဖြစ်မှာ မြင်ယောင်နေမိတယ်။
Post a Comment