ဒီနေ့ နေ့လည်က နေအတော်ပူတယ်။ နေ့လည် ၁၂ နာရီကျော် ထမင်းစားထွက်တာတောင် ကန်တင်းကို လမ်းလျှောက်ရတဲ့အချိန် နေပူလွန်းလို့ ချွေးဒီးဒီးကျတယ်။ အတွင်းထဲက စွပ်ကျယ်ဆို ချွေးတွေကို ရွှဲလို့။ ထမင်းစားတော့လည်း ပန်ကာအောက်မှာ ဖြစ်နေပေမယ့် အပူရှိန်က ရှိသေးတယ်။ ထမင်းမြန်မြန်စားပြီး ရုံးကို ပြန်ထွက်လာခဲ့တော့လည်း အပြန်လမ်းမှာလည်း နေပူလွန်းတော့ ချွေးတွေ ထပ်ထွက်ပြန်ရော။ ရုံးရောက်တော့ ရေဆာနေလို့ အအေးတစ်ဗူး ၀ယ်သောက်လိုက်ရသေးတယ်။
ညနေ ရုံးဆင်းချိန်မှာတော့ ရာသီဥတုက ဆန့်ကျင်ဘက်ပဲ။ ထက်အာကာတစ်ခွင်လုံး အုံ့ဆိုင်းညိုမှိုင်းနေတာ နေ့လည်က လင်းလင်းထင်းထင်း နေပူခဲ့တာတောင် သူမဟုတ်ခဲ့သလိုပဲ။ စင်္ကာပူမှာ အရူးလင်လုပ်ရသလိုမျိုး ရာသီဥတုက ခဏခဏ ပြောင်းနေတတ်တယ်။ ရထားပေါ်ကနေ အိမ်နားက ဘူတာကို ဆင်းခဲ့တော့ မိုးတွေက ရွာနေပြီ။ ဖွဲဖွဲလေးထက် နည်းနည်းလေး ပိုတဲ့အနေအထားမှာ ရှိနေတယ်။ လေပြင်းတွေတော့ မပါဘူး။ မိုးပဲ သီးသန့်ရွာတာ။ အိတ်ထဲမှာ ထီးပါလာပေမယ့် အခြေအနေကို အကဲခတ်လိုက်တယ်။ ထီးမပါလို့ မိုးရေထဲမှာ လမ်းလျှောက်နေတဲ့သူတွေ ရှိလားပေါ့။ ရှိတာပေါ့ဗျာ။ ၃ ယောက် ၄ ယောက်လောက် တွေ့ရတယ်။
ကဲ... အခွင့်အရေးလေး ရတုန်းရခိုက် လက်မလွတ်စေရအောင် အိတ်ထဲကနေ ထုတ်ထားမိတဲ့ ထီးကို အိတ်ထဲ ပြန်ထည့်လိုက်တယ်။ အိတ်ကို သေသေချာချာ ဇစ်ပိတ်လိုက်တယ်။ အိတ်အထဲက ကွန်ပျူတာ မိုးရေချိုးလို့ မရဘူးလေ။ သီချင်းကို အသံနည်းနည်း ထပ်ကျယ်လိုက်တယ်။ မိုးရေထဲကို ခပ်တည်တည်နဲ့ စလျှောက်ပါပြီ။ နောက်က ကျားလိုက်သလိုမျိုး ခြေလှမ်းတွေကို ခပ်သွက်သွက်လည်း မလျှောက်ပါဘူး။ အလွမ်းမင်းသားလို ညောင်နာနာပုံစံနဲ့ ဖြေးဖြေးလေးလည်း မလျှောက်ပါဘူး။ ပုံမှန် လျှောက်နေတဲ့အတိုင်း ခေါင်းမော့ ရင်ကော့ ခပ်တည်တည် လျှောက်ပါတော့တယ်။ ဖင်တော့ မကောက်ထားပါ။
မိုးဖွားလေးတွေ မျက်နှာကို လာစင်ပြီ။ မိုးစက်တွေ မျက်မှန်ပေါ်မှာ တင်နေပြီ။ အ၀တ်တွေလည်း စိုရွှဲလာပြီ။ ဖွင့်ထားတဲ့သီချင်းထဲမှာ စိုးလွင်လွင်ကလည်း မိုးတွေရွာတိုင်း အသည်းအိမ်မှာလှိုင်းဆိုပြီး ဆိုတေးသီနေတယ်။ ဘေးနားမှာ ထီးလေးတွေနဲ့ လျှောက်နေတဲ့ တရုတ်မလေးတွေက ထီးမပါပဲ လမ်းလျှောက်နေတဲ့ ကျွန်တော့်ကို ငဲ့ကြည့်သွားသေးတယ်။ အခုချိန် သူနဲ့ ထီးအတူတူ ဆောင်းပါဆိုပြီး လာပြီးကမ်းလှမ်းရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုက်မယ် မထင်ပါနဲ့။ ချိုသာတဲ့ အပြုံးလေးတစ်ပွင့် လက်ဆောင်ပြန်ပေးပြီး ခေါင်းခါငြင်းပယ်မိမှာပါ။ ကျွန်တော် မိုးရေထဲမှာ လမ်းလျှောက်ရတာကို မြတ်နိုးလို့ပါဗျာ။
၁၀ မိနစ်ကျော်ကျော် မိုးရေထဲ လမ်းလျှောက်ပြန်ပြီး အိမ်ပြန်ရောက်ခဲ့တယ်။ အိမ်မှာ အစ်ကိုတစ်ယောက်က မိုးတွေ စိုရွှဲနေတဲ့ ကျွန်တော့်ကို အံ့အားသင့်နေတယ်။ လက်ဖက်ရည် ဖျော်ပေးရမလားတဲ့။ တကယ်တော့ ကျွန်တော် မိုးမိလာတာမှ မဟုတ်တာ။ မိမိုးကို မိအောင် ဖမ်းခဲ့တာပါ။ စင်္ကာပူမှာ မိုးရေထဲ လမ်းလျှောက်ဖို့ အခွင့်အလမ်း သိပ်မရခဲ့ဘူး။ ရုံးပြန်ချိန် မိုးမရွာတာလည်း ပါသလို မိုးရွာတဲ့ ရုံးဆင်းချိန်မှာ လုပ်စရာ အလုပ်တွေ များနေတာလည်း ရှိတာပေါ့။ ဒီလိုနဲ့ပဲ မိမိုးနဲ့ ကျွန်တော် စင်္ကာပူမှာ မဆုံတွေ့ဖြစ်ခဲ့ဘူးလေ။ ဒီနေ့တော့ မိမိုးကို ဆုံခွင့်ရခဲ့တယ်။
မိုးစိုနေတဲ့ အ၀တ်တွေကို အ၀တ်ဟောင်းတွေနဲ့ ရောပြီး အ၀တ်လျှော်စက်ထဲ ထည့်လိုက်တယ်။ ရုပ်ရှင်ကြည့် ထမင်းစား ခဏနားပြီးတော့ အပြေးလေ့ကျင့်ဖို့ အချိန်ရောက်လာတယ်။ မိုးတွေကတော့ ရွာစွေနေတုန်းပဲ။ ညနေကလောက် မသည်းတော့ဘူး။ ဒါနဲ့ပဲ မိမိုးနဲ့ နောက်ထပ်တစ်ခါ ဆုံခွင့်ရဖို့ ထပ်ဖန်တီးလိုက်တယ်။ မိုးရေထဲမှာ ခပ်ဖွဖွလေး ပြေးရတဲ့ အရသာကလည်း တစ်မျိုးပါပဲ။ ညနေ ရုံးဆင်းတုန်းက ရုံးအ၀တ်အစားနဲ့ ကွန်ပျူတာအိတ်နဲ့ ဆိုတော့ မိုးရေထဲမှာ လမ်းပဲ လျှောက်ခဲ့ရတယ်။ အခုတော့ မိုးရေထဲမှာ ပြေးခွင့်ရပြန်ပြီ။ အယ်လ်ခွန်းရီရဲ့ သီချင်းနဲ့ ခင်မောင်တိုးရဲ့ သီချင်းတွေကို ခံစားနားထောင်ရင်း မိုးဖွဲတွေကြားမှာ မိမိုးနဲ့အတူ ဖွဖွလေး ပြေးနေခဲ့မိတယ်။ မမောနိုင် မပန်းနိုင်ပဲပေါ့ဗျာ။
ကိုယ်ပျော်တယ် မိုးဖွဲထဲမှာကွယ်...

32 comments:
kom: ဖျားသွားမယ်နော်။ ပါရာစီတမောလေး မျက်လူံးနဲ့ ကြိုရှာထားဦး။ ဒီကတော့ မြင်နေပြီ။
မဖျားပါဘူး ခင်ဗျ။ မိုးရေထဲမှာ လျှောက်သွားနေတာ ရိုးနေပါပြီလေ။ ရန်ကုန်မှာတုန်းက စက်ဘီးတစ်စီးနဲ့ မိုးရေထဲမှာ စီးနေခဲ့တာ။ မိုးသည်လေး ပျော်လေပဲ။
အခုတောင် ခေါင်းလျှော်ထားလို့ မအိပ်သေးပဲ အဲဒီ့ပိုစ်လေး ရေးတင်လိုက်တာ။
အင်း... ဖျားတော့လည်း MC ပေါ့နော်။ MC တွေ ပိုနေတာ အများကြီးပဲ။ အဟီး...
တရုတ်မလေးတွေက သူတို့ ထီးအောက်ခေါ်ဖို့ ကြည့်တာတော့ မဖြစ်နိုင်ဘူး။ စိတ်ဖောက်လာရင် ဘယ်ပြေးရကောင်းမလဲ ဆိုပြီး ကြောက်ကြည့် ကြည့်တာဖြစ်မယ် ထင်တယ် ... :P
အင်း ကိုဂျူလိုင်ရယ် ဇာတ်လမ်းရှာတာမဟုတ်လား..
သို့ပေမယ့်လဲ အဘယ်သူကမှ ထီးလာမဆောင်းပေးသောအခါကာလမှ မိုးရွာထဲ လျှောက်ချင်လို့ ဆိုပြီး... ဆိုပြီး ဒီပို့စ်ကို ရေးလေသတည်း။
အမျှ အမျှ အမျှ "julydream" :P
ဖောဖော ဖီးဖီး ကြိုလုပ်ထားလိုက်တယ်အေးရော။
မိုးရွာထဲ လမ်းလျှောက်ရတာ ကျွန်တော်လည်းကြိုက်တယ်... ရုံအပြန် မိုးရွာချိန်နဲ့တိုင်ဆိုင်ရင်တော့.. တခါတလေ လုပ်ဖြစ်တယ်...း)
ငါ့အကို စလုံးမှာမိုးမိလို့ ဖျားနေမယ်နော့် သတိထားဦး အပြေးလေ့ကျင့်နေတာ ဖတ်နေရတာ စိတ်တောင်ပါလာသလိုပဲ ဟီးး ဒါပေမဲ့ အချိန်က လုနေရတယ်ဗျာ
ကိုဂျူလိုင်က ကျနော်နဲ့တူသွားပြီ။ မိုးရေထဲဘယ်လောက် သွားသွား မဖျားတတ်တာ ကျနော့အကျင့်။ :)
နောက်ပြီး ကျနော်က ထီးနဲ့မတည့်ဘူး။ ထီးတို့ မိုးကာတို့ မကိုင်ဘူး။ :D
ရှင်ဂွမ်းသာကြီး...
ဂျေဝင်တာ သိသာလိုက်တာဗျာ။ မုဒိတာတွေ ပွါးပါဗျာ။ အဟက်...
မခင်မင်းဇော်...
အဲဒီလို ထင်ရက်တယ်ပေါ့နော်။ ဇာတ်လမ်းဆိုတာ တခါတလေ ရှာစရာ မလိုဘူး။ သူ့အလိုလို ဖြစ်တည်လာတတ်တယ် ဆိုတာ ကင်မရာကြီး ထမ်းထားရတဲ့ အစ်မ ပိုသိမှာပါဗျာ။ အဟဲ...
Strike ရေ...
သာဓု သာဓု သာဓုပါဗျာ။
ကိုပီတိရေ...
ကျွန်တော် တစ်ယောက်တည်း မဟုတ်မှန်း သိလိုက်ရတော့ အားရှိတာပေါ့ဗျာ။
တောင်ပေါ်သားကြီးရေ...
အချိန်ကတော့ လုနေရတာ အတူတူပါပဲဗျာ။ တကူးတက သီးသန့် အချိန်ပေးရတာပေါ့။
ဗီလိန်ကြီးရေ...
ဟုတ်တယ်ဗျာ။ မိုးမိလို့ ဖျားတာ သိပ်မရှိဘူး။ အပူရှပ်မှ ဖျားတတ်တာ။ ရန်ကုန်မှာတုန်းက ထီးလည်း သိပ်မဆောင်ဖြစ်ဘူး။ မိုးရွာရင် ဒီအတိုင်း မိုးရေထဲမှာ လျှောက်လိုက်တာပဲ။
ကိုဂျူလိုင်ရေ...
ရေးထာတာ ဖတ်လို့ အရမ်းကောင်းပါတယ်...
သို့ သော် မမ ခင်ဦးမေရဲ့  ချစ်ညီမပီပီ စပ်စပ်စုစု သိချင်တာလေး တစ်ခုရှိလို့  မေးပါရစေနော်...။
စင်္ကာပူရဲ့  ရာသီဥတုက အရူး လင်လုပ်ရသလိုမျိုး လို့  ထင်ထင်ရှားရှား ဥပမာပေး ရေးထားတာ ဆိုတော့ ကိုဂျူလိုင် တစ်ယောက်များ အဲဒီ အတွေ့ အကြုံမျိုး ရှိလေသလား ဆိုတာ သိပါရစေလေ... နော်... :-D
သက်ဝေရေ...
သေသေချာချာ ရေးထားတယ်လေ။ အရူး လင်လုပ်ရသလိုမျိုး ဆိုတော့ မိန်းခလေးတွေ ပိုသိမှာပေါ့။ ကျွန်တော်က အရူးကို မယားလုပ်ရသလိုမျိုး မရေးထားဘူးလေ။ ဒါကြောင့် မေးတဲ့မေးခွန်းရဲ့ အဖြေကို ကိုယ်တွေ့ထဲက ပြန်ရှာပြီး ဖြေသွားပေးပါလို့ အလေးအနက်ထား တောင်းဆိုပါရစေဗျာ။
ဟေး julydream.... ကွ။
Strike ကြီး...
ဘာတွေ အားရ၀မ်းသာ ဖြစ်နေတာလဲ။
သက်ဝေကို ကျွန်တော်က ပြန် စ ထားတာနော်။ တကယ်ကြီး ထင်ပြီး ချကုန်ပြီလို့ မထင်နဲ့အုံး။ ပျော်ပျော်ပါးပါး ပေါ့ဗျာ။ ဟဟ...
တို့လဲ သက်ဝေပြောသလိုဘဲ အရူးကို လင်လုပ်တယ် ဆိုတဲ့ အပိုဒ်မှာ ၂ ခါပြန် ဖတ်လိုက်မိတယ်။ တကယ်။ နားမလည်လို့ ။ July dream ဆိုတဲ့ နာမည်ကို ကြည့်လိုက် အရူးကို လင်လုပ်တယ် လို့ ဖတ်လိုက်။ July dream နာမည်ကို ကြည့်လိုက် အရူးကို လင်လုပ်တယ် လို့ ဖတ်လိုက်။ တကယ် ပါ ၂ ခါပြန် လုပ်မိတယ် မရှင်းလို့။ သက်ဝေ ပြောလိုက် မှ သတိရတယ်။
(စစ်ကူရောက်လာပြီသက်ဝေ။ ဘာမှ အားမငယ်နဲ့)
ကိုဂျုလိုင်ရေ...
သက်ဝေကလဲ သေသေချာချာမေးထားတာပါလေ...
ကိုဂျူလိုင် ရေးထားပုံက "အရူးလင် လုပ်ရသလိုမျိုး" ဆိုတော့ကာ... အဓိပ္ပါယ်က အရူး ကို လင် လုပ်ရတာလို့  မပေါက်ပဲ ကိုဂျူလိုင်က အရူး ရဲ့ လင် လုပ်ရသလိုမျိုး လို့  သဘောပေါက်သွားတယ်လေ...။ ဟီးဟီး... ဒါကြောင့်မို့ လဲ အမေးရှိရတာပါလေ... စိတ်မရှိပါနဲ့ နော်...။ (ရှိလဲ မေးမှာဘဲ...)
အင်း... မြန်မာစကားများ တယ်လဲ ခက်ခဲသကိုး...။
ဒါနဲ့ စကားမစပ်... ကို Strike ကြီးက ဘာတွေ ၀မ်းသာအားရ ဖြစ်နေတာလဲဗျ... ဟီးဟီး...
မိမိုးရေ... ကယ်ပါအုံး။ စစ်ကူတွေ လာကုန်ကြပြီ။ ဒီလောက် စကားကို ခွဲခြား ရေးခဲ့တာတောင် ဒီတစ်လုံးမှာ သတိမထားမိပဲ စပေ့လေး မခြားမိခဲ့တာ အခုတော့ ကောင်းကြသေးရဲ့လားဗျာ။
မိမိုးရေ.. ကိုယ်တော့ နေရင်းထိုင်ရင်း အရူးမ လင် ဖြစ်ရတော့မယ်။ ဖတ်တဲ့သူတွေကလည်း သေချာ ဖတ်ရင် ရရဲ့သားနဲ့ သန်ရာသန်ရာကို လိုရာဆွဲတွေးကြတယ် မိမိုးရေ...
အခုလည်း စစ်ကူတွေ ထပ်ခေါ်ထားတယ်တဲ့ မိမိုးရေ... ကိုယ့်ကိုလေ ငိုနေမယ် မိုးသည်းထဲမှာ ဖြစ်အောင် လုပ်ကုန်ကြပြီ။
julydream ဟုတ်တယ်နော် သူတို့မမှားဘူး။"ဟင်း...."(စားစရာ မဟုတ်ပါ၊သက်ပြင်းရှည်ချသည့်အသံ)
~~~မိုးေ၇တွေထဲမှာ~~~ မိုးေ၇တွေထဲမှာ~~စန္နရားတီးမယ၊်စန္နရားတီးကြမယ်~~~
ကိုJuly။
“ကျွန်တော်မိုးမိလာတာမှ မဟုတ်တာ။ မိမိုးကို မိအောင်ဖမ်းလာတာ” အဲဒီစကားစုလေးကိုတော့ နှစ်သက်မိသဗျ။
သုခမိန်(E-Journal)
ကိုဂျူလိုင်ကြီး ဇာတ်လမ်းရှာနေတယ်မှတ်တာ အောက်ကကွန်မန့် တွေ ဖတ်မိမှပဲ အဟီး အခြေအနေဆိုးနေပါ့လား။ မဖြစ်သေးဘူး။ စစ်ကူတွေ သွားခေါ်ပေးမှဖြစ်မယ်။ ကျနော်တော့ပါဘူးဗျ။ အမ်းမားကို ကြောက်တယ်။
မိမိုးရေ...
Strike ကတော့ ကိုယ့်ထက် အခြေအနေ ဆိုးရှာတယ်။ မိုးရေထဲမှာ စန္ဒားယား တီးမယ်ဆိုပဲ။ သူဘာသာ မိုးမိပြီး ဖျားလို့ နာလို့ ခံရတာ ကိစ္စမရှိပေမယ့် စန္ဒားယားကြီး ရေစိုပြီး ပျက်ဆီးကုန်ရင် နှမြောစရာကွယ်။
ကိုအီးသုခမိန်ကြီးရေ...
ဒီလိုပါပဲ တခါတလေ နုတာပေါ့ဗျာ။ ရုပ်ကြမ်းကြီးနဲ့ နုတတ်ပါတယ်။ အဟက်...
ဇင်ယော်ရေ...
အဲဒီ စစ်ကူတွေကို ၇၇ခုနှစ်မှာ မွေးတာ မဟုတ်ခဲ့တဲ့ အမ်းမားကြီး (ခ) မခင်ဦးမေက သွားခေါ်လာမှာတဲ့ဗျာ။ ကျွန်တော့်ဘက်ကတော့ မဟုတ်ဘူး။ ကျွန်တော်က ခံစစ်ပြင်ထားရမှာ။ အဟ...
မိုးကို အတော်ချစ်တတ်သူပါလား။ တူသွားပြီ..
စင်ကာပူမှာ မိုးအပြင် မိုးခြိမ်းးသံပါ ပါတာနော်။ ကြောက်စရာ တကယ်ကောင်းတယ်။ စိတ်ဆိုးနေသလိုမျိုး။
အစ်မရေ...
ကျွန်တော်က မိုးကို စွဲစွဲလန်းလန်း ချစ်တတ်ပါတယ်။ မိမိုးရဲ့ ပင်ကိုယ်ဗီဇ သိမ့်သိမ့်မွေ့မွေ့လေးဗျ။ တခါတလေ ကျွန်တော်လိုပဲ ဒေါသကြီးပြီး ဆူဆူညံညံ စိတ်ဆိုးတတ်သေးတယ်။ တခါတလေ သာသာယာယာ လေနုအေးတွေနဲ့ ကလူကျီစယ်သေးတယ်။ ဒါပေမယ့် ကိုယ်က ချစ်နေရတဲ့ သူဆိုတော့လည်း မိမိုးဘာလုပ်လုပ် ချစ်စရာလို့ပဲ ထင်နေတာပဲလေ။
ကိုဂျုလိုင်ကြီး...
မိုးတွေရွာတော့မယ်ဗျ... ဒန်တန့် ဒန်...
ငိုနေမယ် မိုးသည်းထဲမှာကွယ် လား...
မိုးကို ချစ်လိုက်တာလေ... မိမိုးကို ချစ်လိုက်တာလေ လား...
(ဘာအကြောင်းမှမရှိဘဲ တမင် အင်အားလာပြတာ...)
သက်ဝေရေ...
ကျွန်တော်တို့ဘက်မှာ မိုးမရွာဘူးဗျ။ မိုးသားတွေ ကင်းစင်နေတယ်။ အင်အားပြပုံကြီးကလည်း မသိရင် ၃ ပုဒ် ၁၀၊ ရှောက်သီးဆေးပြား လာရောင်းသလိုပဲဗျာ။ ဟဟဟ...
ဟိဟိ....:P
ဒီပိုစ်အောင်မြင်တယ်ဗျာ
ကွန်းမန့်တွေများလို့ ကြည့်မရပေမယ့် ၀င်ပြောလိုက်ဦးမယ်။ မိမိုးက ကိုဂျူလိုင့်မိမိုလား။ ကိုမင်းအို မိမိုးလားဟင်။ ကော်ပီရိုက်နော်။ ဟွန် ဘာရေးရေး ကွန်းမန့်များတာ ကြည့်လို့ကိုမရဘူး။
နှင်းဆီနီမရေ...
ကိုမင်းအိုရဲ့ မိမိုးမရှိခင်ကတည်းက ကျွန်တော်မှာ မိမိုး ရှိနေပြီးသားပါ။ မိုးတွေ သည်းရင် ဂျီတော့ခ် စတေးတပ်စ်တွေ ပြောင်းနေတာ ကိုမင်းအိုရဲ့ မိမိုး မရှိခင် ကတည်းကပါဗျာ။
Post a Comment