.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, November 22, 2008

My favorite cartoon movie

အရူးအပေါဂိုဏ်း နာယကကြီး ၀က်ခေါင်းကိုင် သခင်မ ရှင်ဂွမ်းသာလို့ ကျွန်တော် ခေါ်တဲ့ မတူးတူးသာက မနက် အိပ်ရာနှိုးရင် သူ့ဘလော့ကို လာခဲ့... Tag စရာ ရှိလို့တဲ့။ သူကတော့ ရေးနေတုန်း မပြီးသေးဘူးတဲ့။ ချက်ချင်းဆိုသလို ကာတွန်းကားအကြောင်း ရေးခိုင်းမယ်ဆိုတာကို သိလိုက်တယ်။ နန်းညီဆီမှာ Lion King အကြောင်း ရေးထားတာကို ဖတ်မိထားတော့ အဲဒီ Tag Game က မကြာခင် ကျွန်တော်ဆီကို လာတော့မယ် ဆိုတာ သဘောပေါက်ထားတယ်လေ။
Mighty Mouse, Micky Mouse, Tom & Jerry တို့ကတော့ ငယ်စဉ်တောင်ကျေး နှပ်ချီးတွဲလောင်း ကလေးဘ၀ကတည်းက ကြည့်ခဲ့တဲ့ ကာတွန်းစီးရီးတွေပေါ့။ ဒီလိုပဲ ကြည့်ဖူးခဲ့တဲ့ ကာတွန်းရုပ်ရှင်တွေက အများကြီးပါပဲ။ မှတ်မိသလောက် ပြန်ရေးပြရင်တော့... The Jungle Book, Bambi, Tarzan, Snow White and The Seven Dwarfs, Cinderella, Aladdin, Sinbad, Hercules, Sleeping Beauty, Beauty And The Beast, Pocahontas, The Lion King, The Little Mermaid, Toy Story, Shark Tale, Shrek, Mulan, Madagascar, Ice Age, Antz, A Bug's Life, Finding Nemo, Ratatouille, Kung Fu Panda.
အဲဒီကာတွန်းကား အားလုံးနီးပါးကို သဘောကျမိတယ်။ လူတွေ သရုပ်ဆောင်ထားတဲ့ရုပ်ရှင် ကြည့်ရတာထက် ကာတွန်းကားတွေ ကြည့်ရတာကို နှစ်သက်မိတယ်။ စိတ်ချမ်းသာလို့၊ ချစ်စရာကောင်းလို့၊ အပြစ်ကင်းလို့။ သူတို့တွေက ဘ၀အမောတွေကိုလည်း ပြေစေတယ်။ စိတ်ညစ်နေတာတွေလည်း ပျောက်သွားစေတယ်။ အဲဒီကာတွန်းကားတွေထဲမှာ အကြိုက်ဆုံးကို ရွေးဖို့က အတော်ခက်ပါတယ်။ ဘယ်ရည်းစားကို အချစ်ဆုံးလဲ မေးသလိုမျိုးပဲဗျာ။ အားလုံးနီးပါးက ရသကိုယ်စီနဲ့ ကောင်းမွန်လွန်းလှပါတယ်။ အဲဒီကာတွန်းကားတွေကို ကလေးတွေပဲ ကြိုက်ကြတာ မဟုတ်ပါဘူး။ ကြီးကောင်ကြီးမား ကျွန်တော်တို့ အရွယ်တွေလည်း နှစ်ခြိုက် တပ်မက်နေတုန်းပါ။ ကလေးတွေ ကြည့်နေတဲ့အချိန် သူတို့ မိဘတွေလည်း အတူ ကြည့်ကြတဲ့ ကားတွေပါ။
ကျွန်တော့်အနေနဲ့ အကြိုက်ဆုံး နံပါတ် ၁ ပေးပြီး ရွေးချယ်ချင်တာကတော့ တရုတ်ဒဏ္ဍာရီ ပုံပြင်လေးတစ်ခုကို အသက်သွင်းထားတဲ့ Mulan ဆိုတဲ့ ကာတွန်းကားပါပဲ။ အဲဒီဇာတ်ကားလေးကို ၁၉၉၈ ခုနှစ် ဇွန်လမှာ ထုတ်လုပ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်က အဲဒီကာတွန်းကားကို ၂၀၀၀ ခုနှစ်လောက်မှ ကြည့်ဖူးခဲ့တာပါ။ ၁၉၉၈ခုနှစ်ရဲ့ ၀င်ငွေအများဆုံး နံပတ်ခုနစ် နေရာမှာ ချိတ်ခဲ့တဲ့ ဇာတ်ကားလေးပါပဲ။ ၀င်ငွေစုစုပေါင်း ဒေါ်လာ ၃၀၄ သန်း ရရှိခဲ့ပါတယ်။ အရှေ့တိုင်းပုံစံ တရုတ်ယဉ်ကျေးမှုနဲ့ တူအောင် အဓိကထား ရေးဆွဲခဲ့တဲ့ မုလန်ဟာ The Lion King လို အသေးစိတ် မခြယ်မှုန်းထားပါဘူး။ ဇာတ်ကားတစ်ခုလုံးကို ရေဆေးနဲ့ ရေးဆွဲခဲ့ပါတယ်။
ဇာတ်လမ်းကျောရိုးကတော့ တရုတ်အင်ပါယာ သက်ဦးဆံပိုင် ဘုရင်ခေတ်မှာ အခြေခံထားပါတယ်။ အာရှတိုက် အလယ်ပိုင်းက Hun လူမျိုးတွေရဲ့ စစ်တပ်ကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ရှန်ယူဟာ တရုတ်ပြည်ကို ကျူးကျော် တိုက်ခိုက်လာပါတယ်။ အဲဒီကျူးကျော်စစ်ကို ခုခံဖို့အတွက် အိမ်တိုင်းအိမ်တိုင်းက အရွယ်ရောက်ပြီးသား ယောကျာ်းတိုင်း စစ်ထဲ ၀င်ရမယ်လို့ တရုတ်အင်ပါယာ ဘုရင်ကြီးက အမိန့်တော် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအချိန်... ရွာလေးတစ်ရွာမှာ လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ကင်းကင်း နေတတ်တဲ့ ကောင်မလေး တစ်ယောက် ရှိပါတယ်။ သူမကို ၀ှါးမုလန်လို့ ခေါ်သတဲ့။ သူမရဲ့မိသားစုမှာ ယောကျာ်းသားဆိုလို့ ခြေထောက် မသန်တဲ့ စစ်ပြန် အဖေအိုကြီးပဲ ရှိပါတယ်။ ဘုရင်ရဲ့ အမိန့်တော်ကို လက်ခံရရှိချိန်မှာ မုလန်ဟာ သူမရဲ့ ဆံပင်ကို ဖြတ်၊ ယောကျာ်းလေးလို ၀တ်စားဆင်ယင်ပြီး သူမအဖေရဲ့ ကိုယ်စား စစ်ထဲ ၀င်ခဲ့ပါတယ်။ သူမရဲ့ ပိန်ညှောင်ညှောင် နဂါးလေးမူရှူးရဲ့ အကူအညီတွေနဲ့အတူ သူမဟာ စစ်ဗိုလ်လေး လီရှန်းနဲ့ ရဲဘော်တွေရဲ့ ယုံကြည်မှုကို ရရှိအောင် ကြိုးစားနိုင်ခဲ့ပါတယ်။

မုလန်ဟာ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲဆိုးကျိုး အနိဌာရုံကို ရိုက်ကူးတင်ပြခဲ့တဲ့ Disneyရဲ့ ပထမဦးဆုံးသော ကာတွန်းကား ဖြစ်ပါတယ်။ နှင်းထုပေါ်မှာ အသက်မဲ့နေတဲ့ ရာပေါင်းများစွာသော အလောင်းကောင်တွေကို အဲဒီ ကာတွန်းကားထဲမှာ မြင်တွေ့ရမှာပါ။ စစ်ပွဲတစ်ပွဲ ပြီးဆုံးချိန်မှာ ကျန်ရှိခဲ့တဲ့ မြင်ကွင်းတွေပေါ့။ ဒါပေမယ့် ကာတွန်းပုံတွေဟာ ထိတ်လန့်ဖွယ် စက်ဆုပ်ရွှံရှာဖွယ်တော့ မဟုတ်ပါဘူး။ ဒါကြောင့် မုလန်ဟာ စစ်ပွဲတွေကို ဂုဏ်တင်နေတဲ့ ကာတွန်းကားလေးတစ်ခု မဟုတ်တာတော့ အသေအချာပါပဲ။
အဓိကဇာတ်ကောင် မုလန်ဟာ မြင်တွေ့နေကျ Disney ဇာတ်ကောင်တွေရဲ့ ၀တ်စားဆင်ယင်ပုံနဲ့ မတူပဲ တမူထူးခြားပါတယ်။ တရုတ်ဝတ်စုံလေးနဲ့ အမြင်ဆန်းစေပါတယ်။ အခြားကာတွန်းဇာတ်ကောင်တွေ ဖြစ်တဲ့ Alice, Jasmin, Pocahontas တို့ရဲ့ ပုံစံတွေနဲ့ မတူပေမယ့် ဓလေ့ထုံးတမ်းရဲ့ ချည်နှောင်မှုကို မခံယူလိုတဲ့ မိန်းမသားတစ်ယောက်ရဲ့ စိတ်ဓါတ်ခွန်အားတွေမှာတော့ တူညီနေတာကို တွေ့ရမှာပါ။ ဒီကာတွန်းကားထဲမှာ ကျားမကဏ္ဍ သာတူညီမျှ ရှိရမယ်လို့ တကူးတက အလေးထား ဖော်ပြထားတာ မရှိပေမယ့် ကလေးတွေရဲ့ စိတ်ထဲမှာ ယောကျာ်းတွေလို မိန်းမသားတွေမှာလည်း အစွမ်းသတ္တိတွေ ရှိနေပါလား..... ဆိုတာကို ခံစား သိရှိသွားစေနိုင်ပါတယ်။

Disneyရဲ့ ထုံးစံအတိုင်း ကာတွန်းကားထဲမှာ ထူးထူးခြားခြား အမှတ်ရစရာတွေလည်း ရှိပါတယ်။ မုလန်ရဲ့ ခြေနှစ်ဘက်နဲ့ စုံကန်ချက်တွေဟာ ထင်ရှားလှသလို စကားတစ်ခွန်းမှ မပြောတဲ့ ပုရစ်လေးလည်း ချစ်စရာ ကောင်းလှပါတယ်။ နောက်တစ်ခုက တခါမှပါးစပ်မပိတ်ပဲ စကားအရမ်းများတဲ့ နဂါးပိန်ညှောင်လေး မူရှူးပါ။ မုလန်ကာတွန်းကားမှာ ကလေးတွေရဲ့ အဓိက ဇာတ်ကောင်က နဂါးပိန်ညှောင်လေး မူရှူးပါပဲ။ သူကြောင့် ကလေးတွေ အဲဒီကာတွန်းကားကို အရူးအမူး ကြိုက်ကြတာပါ။ အဲဒီလိုပဲ ကလေးမဟုတ်တော့တဲ့ ကျွန်တော်တို့ အရွယ်တွေမှာလည်း နဂါးပိန်ညှောင်လေး မူရှူးကြောင့် ပြုံးခဲ့ ရီခဲ့ရတာပေါ့။

အဲဒီကာတွန်းကားလေးထဲမှာ ပုံမှန်သုံးနေကျ မဟုတ်တဲ့ ကင်မရာ ရိုက်ထောင့်တွေ အသစ်အဆန်းမျိုးစုံ သုံးထားတာကိုလည်း တွေ့မြင်ရအုံးမှာ။ ရှေ့အရင် ကာတွန်းကားတွေထက် ပိုပြီး ကြိုးစား အားထုတ်ထားပုံပဲ။ ရိုက်ချက်ဆန်းတွေကို အဖွင့်ခန်းဖြစ်တဲ့ မဟာတံတိုင်းကို ရန်သူတွေ တိုက်ခိုက်တဲ့အခန်းမှာ တွေ့မြင်နိုင်သလို စစ်တပ်ကို လေ့ကျင့် တည်ဆောက်နေတဲ့ အခန်းတွေ၊ နှင်းတောင်တွေက တိုက်ပွဲအခန်းတွေ၊ ရွာတွေ မီးလောင် ပျက်စီးနေတဲ့ အခန်းတွေမှာ တွေ့မြင်နိုင်ပါတယ်။ ချီးကျူးရမယ့် လက်ရာကတော့ မိန်းမသား တစ်ယောက်ကို ယောကျာ်းပုံစံတူအောင် လုပ်ထားပေမယ့် မိန်းမသားဆိုတဲ့ နွဲ့နွဲ့နှောင်းနှောင်းပုံစံလေးကို မပျောက်သွားအောင် ကာတွန်းပုံဆွဲနိုင်ခဲ့တာပါပဲ။
မုလန်ကာတွန်းကားနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေက..
Featuring the voices of: Ming-Na Wen, Eddie Murphy, B.D. Wong, Miguel Ferrer, Harvey Fierstein, Pat Morita, Soon-Tek Oh, George Takei
Directors: Tony Bancroft, Barry Cook
Producer: Pam Coats
Screenplay: Eugenia Bostwick-Singer, Rita Hsiao, Philip LaZebnik, Chris Sanders, Raymond Singer
Music: Jerry Goldsmith
Songs by: Matthew Wilder and David Zippel
U.S. Distributor: Walt Disney Pictures

မုလန်ကာတွန်းကားရဲ့ ဇာတ်ဝင်သီချင်းတွေကို YouTube မှာ ကြည်လို့ရပါတယ်။
ဒါက I'll Make a Man Out of You သီချင်းစာသားလေးပါ။
Vocals: Donny Osmond and Chorus
Lyrics: David Zippel

I'll Make a Man Out of You

Let's get down to business - to defeat the Huns
Did they send me daughters when I asked for sons?
You're the saddest bunch I've ever met
But you can bet before we're through
Mister, I'll make a man out of you

Tranquil as a forest
But on fire within
Once you find your center
You are sure to win
You're a spineless, pale pathetic lot
And you haven't got a clue
Somehow I'll make a man out of you

I'm never gonna catch my breath
Say goodbye to those who knew me
Boy, was I a fool in school for cutting gym
This guy's got 'em scared to death
Hope he doesn't see right through me
Now I really wish that I knew how to swim

(Chorus:)
Be a man
We must be swift as the coursing river
Be a man
With all the force of a great typhoon
Be a man
With all the strength of a raging fire
Mysterious as the dark side of the moon

Time is racing toward us till the Huns arrive
Heed my every order and you might survive
You're unsuited for the rage of war
So pack up, go home you're through
How could I make a man out of you?

ကဲ... ဖတ်တဲ့လူတွေကိုတော့ အားနာပါတယ်။ စာလည်း အတော်ရှည်သွားတယ်။ ရေးချင်တာတွေ များနေတော့ တစ်ခါတည်း ရေးလိုက်မိတယ်။ အခုရေးထားတာက ပန်းချီပညာရှင် ကာတွန်းပညာရှင်အဆင့် မဟုတ်ပါဘူး။ ကာတွန်းကားကို ကြည့်မိပြီး စိတ်ထဲမှာ မြင်သလောက် ခံစားရသလောက် ရေးချလိုက်တာပဲ။ ဒီပို့စ်ရေးတာ အချိန်အကြာဆုံးပဲ။ ၉ နာရီကျော် ကြာတယ်။ စာရေးတာက နည်းနည်း ကာတွန်းကားတွေ လိုက်ကြည့်နေတာ များများပါ။ ပုံတွေ ရှာရတာလည်း အချိန်ကုန်တယ်။ မှီငြမ်းဖို့ အချက်အလက်တွေလည်း ရှာရသေးတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့ အတော်လေး နုပျိုသွားတယ်။

ကဲ... အစဉ်အလာရ ဆက်ပြီး Tag ရမယ်ဆိုရင်တော့... ကျောင်းက လူတွေပဲ Tag တော့မယ်ဗျာ။ ရေးပေးမယ် ထင်လို့ Tag လိုက်ပါပြီ။

ဒါပေမယ့် အဲဒီလိုဆိုရင် ခွဲခြားဆက်ဆံတယ် ဖြစ်မှာစိုးလို့... ရေးပေးမယ်ဆိုတဲ့ သူတွေကို နောက်ထပ် Tag လိုက်ပါအုံးမယ်။ မရေးချင်ဘူး မရေးတတ်ဘူးဆိုတဲ့ သူတွေကိုတော့ အားနာလို့ မရေးခိုင်းတော့ပါဘူး။

24 comments:

khin oo may said...

အင်း. ကလေးစိတ် မကုန်သေးဘူးဘဲ ကိုး။

khin oo may said...

တွမ် အင် ဂျယ်လီဘဲ သိပါတယ်။ ဗဟုသုတ ခေါင်းပါးကြောင်းဝန်ခံသွားပါသည်။

khin oo may said...

ကျောင်းက လူတွေပဲ Tag တော့မယ်ဗျာ။

(ဒီလို ခွဲခြားခွဲခြားမလုပ်ပါနဲ့။)

ရွှန်းမီ said...

:-)

JulyDream said...

အစ်မကလည်း... ကလေးစိတ်က ဘယ်ကုန်မလဲဗျ။ ဒါကြောင့်လည်း အခုလို နုပျိုနေတာပေါ့။ မနာလို မရှိနဲ့နော်။ ဟဟ... :P

JulyDream said...

မုလန်ကို မျက်မှန် တပ်ထားသလိုပဲ ဆိုတော့ ရွှန်းတီရေ... Tag ထားတယ်နော်။ အချိန်ရရင် ရေးထားပေးအုံး။

khin oo may said...

22 Nov 08, 23:53
kom: တကယ် မသိလို့ ခွင်္င့လွတ်ပါ။ သိရင် ရေးပါတယ။် ပြောပြီးပြီလေ.ကြောင်ကလေးနဲ့ ကြွက်ဘဲသိပါတတယ် ဆို့...ရွန်းမီ ကို မေးကြည့် သူလဲ ကလေးစိတ် မကုန်တဲ့ အထဲမှာပါတယ်။

khin oo may said...

ကွန်မက်မဖတ်ဘဲ ကိုယ်ရေးချင်တာ အရင်ရေးပြီး ကြည့်လိုက်တော့ ရွန်းမီက ရောက်ပြီးသွားပြီ။ အစ်မပြောတာ မှန်ပါတယ်။. လူမှန် ကို အစ်မကရွေးပေးထားတာပါ။။ :P

JulyDream said...

ဟုတ်ပ အစ်မ KOM ရေ...
ကျွန်တော်က Tag ရင် အရင်မေးတယ် ခင်ဗျ။ ရေးပေးမယ် ဆိုတဲ့သူတွေကိုပဲ စာရင်းထဲမှာ ဖြည့်လိုက်တယ်။ ကိုယ်က ရေးခိုင်းလိုက်ပြီး သူတို့က မအားတဲ့အခါ အကြွေးတစ်ခုလို ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ပါ။ ခွဲခြားတဲ့ သဘောတော့ မဟုတ်ပါဘူး။

tututha said...

သေသေချာချာ ဂရုတစိုက်ရေးပေးထားလို့ ကျေးဇူး အထူးတင်ရှိပါတယ် .. (ဂုဏ်ပုဒ်တွေအကုန် ဖော်ထားတဲ့အတွက်ကတော့ နောက်မှ ရန်ဆက်ဖြစ်တာပေါ့ :(

JulyDream said...

ဂုဏ်ပုဒ်တွေကို ဖော်လိုက်လို့
ရုပ်ဆိုးဆိုးနဲ့ စိတ်ဆိုးနေသော
ဂုဏ်ပုဒ်များရှင် မတူးတူးသာကြီး...
ကျွန်တော်က ကိုယ်လုပ်ပေးရမယ့် အရာတစ်ခုကို အဲဒီလိုပဲ ဂရုတစိုက် လုပ်ပေးတတ်ပါတယ်။ စိတ်ဝင်စားတဲ့ နယ်ပယ်ဆို ပိုပြီး အသေးစိတ် သွားတာပေါ့။ ကြုံတုန်း ကြွားတယ်လို့တော့ မထင်ပါနဲ့ဗျာ။ အဟက်... (အဲဒီလိုပဲ တခါတလေ အချိုးက မပြေဘူး)

ယောနသံစင်ရော် said...

ကာတွန်းကြိုက်တတ်တာ တူတတ်ရန်ကော.. တူရန်ကောကွယ်... အဲလိုလူမျိုးတွေစုပြီး .. မြန်မာကာတွန်းကားကောင်းကောင်းလေး ဖန်တီးရရင် မကောင်းဘူးလားကွဲ့ အေတို့ရဲ့.....ဟိ။

ဗီလိန် said...

ဟဟဟ။ ဘယ်သူများလည်းမှတ်တယ်။ မတူးတူးသာ လက်ချက်ကိုးဗျ။ အဟဟ

ခင်မင်းဇော် said...

တို့ကတော့ ပါဝါရိန်းဂျားပဲဟေ့...

pandora said...

ိကိုယ်လည်း အဲဒီ မူလန် ကို ကြိုက်တယ်
ကာတွန်းကား ကြိုက်တဲ့လူတွေ တယ်များနေပါလား
ကောင်းပါ့

JulyDream said...

ယောနသံကြီးရေ...
လူပေါင်းမှားမယ်နော်။ ကာတွန်းကား ထွက်မလာပဲ ကာတွန်းကားတွေပဲ ကြည့်ဖြစ်ကုန်ရင် ဒုက္ခလေ။

ဗီလိန်ရေ...
သေချာတာပေါ့။ ရှင်ဗျူးသာ လက်ချက်ပါပဲဗျာ။

မခင်မင်းဇော်...
ပါဝါရိန်းဂျားတွေ ကြည့် စိတ်ကူးတွေ ယဉ်ပြီး လက်ထက်က ကင်မရာကြီးကို လောင်ချာ မှတ်ပြီး လေယာဉ်တွေကို ပစ်မချနဲ့အုံးနော်။ အဟဲ...

မပန်ရေ...
အဲဒီကားလေးက ကောင်းတော့ လူကြိုက်များမှာ သေချာတယ် ခင်ဗျ။

Unknown said...

ကာတွန်းကားတွေ ငယ်ငယ်ကတည်းက ခုထိသိပ်ကြိုက်တယ်။ 99 လောက်မှာထွက်တဲ့ Tarzan ခဏခဏကိုပြန်ကြည့်ခဲ့တယ်။ ပြီးတော့ Prince of Egypt, ခုနောက်ပိုင်းတော့ 05 ကထွက်တဲ့ Robot ကို တော်တော်ကြိုက်လို့မဆုံးဖြစ်နေတော့တယ်။ အရုပ်ကလေးတွေလို့ကိုမထင်ရဘဲ အရမ်းကို အသက်ဝင်လွန်းလို့ဗျာ။ Toy Story, Bug Life တို့တော့သိပ်မကြိုက်ဘူး။ ကာတွန်းကားနဲ့မတူဘူးဘဲ အရမ်း animation ဆန်တယ်လို့ထင်လို့။ စကားမစပ် ကာတွန်းကားတွေရဲ့ဇာတ်ဝင်သီချင်းတွေလည်းအတော်ပေါက်ကြတယ်နော်။ Circle of Life, When you believe, COlour of the Wind, You be in my heart,

Anonymous said...

ကျွန်တော် မုလန်ဇာတ်ကားလေးကို သဘောကျတယ်၊ အမြင်တူတယ်ဗျ၊ ကျွန်တော်လည်း အတက်ခံရတယ်လေ၊ အခု ကိုဂျူလိုင်ရေးထားတာလေးကို အတော်လေး သဘောကျသွားတယ်၊ ကာတွန်းဆိုကျွန်တော်က အသေကြိုက်လေ ... ။

ခင်မင်လေးစားစွာဖြင့်

mabaydar said...

အင်း.. ခုနောက်ပိုင်းမှာ လူနဲ့ရိုက်ဖို့ ခက်ခဲတဲ့ ဇာတ်လမ်းတွေကို တချို့ကာတွန်းကားတွေနဲ့ ထွက်နေပြီ.. ဟိုနေ့က သူငယ်ချင်းတစ်ယောက်နဲ့ပြောဖြစ်တယ်.. ခုခေတ်ကာတွန်းကားတွေက ကလေးတွေအတွက်သက်သက်မဟုတ်တော့ဘူး.. လူကြီးတွေအတွက်ဖြစ်လာပြီလို့.. ဥပမာ.. Wall-E , Cars, The Spirit, etc..
မဗေဒါလဲ မူလန်ကာတွန်းကိုကြိုက်လို့.. အပိုင်တောင်ဝယ်ထားတယ်.. စလုံးရောက်တော့ ကျောင်းမှာ ပေါင်းမိတဲ့ အခင်ဆုံးသူငယ်ချင်းနာမည်ကလဲ မုလန်တဲ့.. First name ကတော့ မု ... ကိုဂျူလိုင်ရှာထားတဲ့ ကာတွန်းကားပုံလေးတွေက လှတယ်.. တော်တော် အားစိုက်ထုတ်အပင်ပန်းခံထားတဲ့ ပိုစ့်ဆိုတာသေချာပါတယ်.. မဗေဒါအကြိုက်ဆုံး ကာတွန်းကားတွေက စင်ဒရဲလား.. Mulan.. The Spirit (very nice songs).. The Prince of Egypt.. and many more...

strike said...

"မူလန်" ဆိုတာမူးရင်လန် လန်လာလို့လား ဟင်၊မသိလို့မေးပါတယ်။

JulyDream said...

မောင် ရေ... ( အမလေး လျှာယားလိုက်တာ)
ကျွန်တော်ကတော့ ရုပ်ပုံလေးတွေ လှတဲ့ ကာတွန်းကား အတော်များများကို ကြိုက်ပါတယ်။ Bug life က မဆိုးပါဘူး ခင်ဗျ။ ကာတွန်းနဲ့ တူပါသေးတယ်။

အိမ်မက်ရှင်ရေ...
ကျွန်တော် ရေးထားတာကို ရှည်လှပြီ ထင်နေတယ်။ အိမ်မက်ရှင်ရဲ့ ပို့စ်ကို သွားဖတ်မိမှ ကိုယ့်ပို့စ်ထက် ရှည်အောင် ရေးထားတဲ့ သူရှိနေမှန်း သိလိုက်ရတယ်။ ဒါကြောင့် စာရှည်သွားလို့ ဖတ်ရတာ များသွားမှာကို အားမနာတော့ဘူး ဗျာ။

မဗေဒါရေ...
ကာတွန်းကားတွေက ကလေးတွေ အတွက် မဟုတ်ပါဘူး။ ကလေးမဟုတ် လူကြီးမရောက် ကျွန်တော်တို့လည်း ကာလသားတွေ အတွက်လည်း ရည်ရွယ်ပြီး ထုတ်လုပ် လာပုံပဲနော်။

Strike ကြီး...
မုလန်က တရုတ်ပြည်က ဇာတ်ကောင်မို့လို့ ဘောင်းဘီရှည် ၀တ်ထားတယ်လေကွယ်။ စကပ် ၀တ်ရင်လည်း ဂါဝန်လို အရှည်ကြီးတွေ ၀တ်လေ့ရှိတယ်။ ဒါကြောင့် သိပ်ပြီး မမျှော်လင့်ပါနဲ့။ အခန့်မသင့်ရင် နဂါးလေး မူရှူးရဲ့ မီးမှုတ်ချက်အောက်မှာ ရှိသမျှ အမွှေးတွေ တက်တက်ပြောင်သွားမယ်။ သတိပေး ထားတာပါဗျာ။

strike said...

အိ အိ..."Warning" ကြီးကလဲကြောက်စရာကြီး၊တဆုံးပဲ။

ဖိုးဂျယ် said...

ကာတွန်းကားလေးကြည့်သွားပါတယ်။
ရေးထားတာ တော်တော်စုံစုံလင်လင်ရှိတယ်နော်
ကျတော်တော့ ကွန်ဖူးပန်ဒါကတော့ ဇာတ်လမ်းအသစ်ဖြစ်သွားတယ်။
အဲ့လိုတော်တာ :P
ခင်မင်လျှက် ဖိုးဂျယ်

ရွှန်းမီ said...

finally, I did it! :-)
http://4friends2flip.blogspot.com/2008/12/blog-post_29.html
ရေးပြီးသွားပါပြီ