.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, November 13, 2008

Name Acronym

Dream ဆိုပြီး ကိုယ့်ဘာသာ မက်မက်လို့ ခေါ်တဲ့ စင်္ကာပူမှာ ဘ၀ပေးအခြေအနေအရ နေထိုင် ကြိုးစားနေတဲ့ သာမန်ကောင်မလေး တစ်ယောက်ရဲ့ ဘလော့မှာ တင်ထားတဲ့ Alphabet တွေမှပြောသောစကားများ ဆိုတာကို ဖတ်မိတော့ facebook မှာရှိတဲ့ Name Acronym Generator ကို သတိရမိခဲ့တယ်။ အစကတော့ အဲဒီမှာ ကိုယ့်အမည်လေးပဲ ရိုက်ထည့်ထားခဲ့တာ။ အခုတော့ စာလုံးအကုန်လုံးရဲ့ အဓိပ္ပါယ်လေးတွေကို သိချင်တာနဲ့ A to Z ဖြစ်အောင် ရိုက်လိုက်ပြီး ပြန်ပြင်လိုက်တယ်။ အဲဒီတော့ အခုလို စာလုံးတွေ တန်းစီ ထွက်လာရောဗျ။

A

Appealing

B

Bright

C

Confident

D

Dangerous

E

Excellent

F

Funny

G

Gifted

H

Helpful

I

Inventive

J

Jolly

K

Kickass

L

Loud

M

Mature

N

Nutty

O

Outgoing

P

Pretty

Q

Queer

R

Relaxed

S

Smart

T

Twisted

U

Useful

V

Vigorous

W

Wacky

X

X-rated

Y

Youthful

Z

Zany
စာလုံးတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ပြောင်းသွားတာကိုတော့ သတိထားမိလိုက်တယ်။ တစ်ခေါက်နဲ့ တစ်ခေါက် စာလုံးတွေက အဓိပ္ပါယ်မတူဘူး။ ဥပမာ... H ဆိုတဲ့ စာလုံးလေးက Honest, Harmless, Helpful, Humorous, Hip, High-spirited, Handsome ဆိုပြီး အမျိုးမျိုး ရေးထားတယ်။ E ဆိုလည်း Exciting, Excellent, Easy-going, Enthusiastic, Easy, Energetic, Exotic, Enjoyable, Elegant ဆိုပြီး ကွဲပြားတတ်သေးတယ်။ J ကိုတော့ Jealous လို့ မရေးထားဘူး။ Jazzy, Jolly, Joyful, Juicy, Judicial, Jumpy တွေပဲရှိတယ်။

July ဆိုတဲ့စာလုံးကို ပေါင်းလိုက်ရင် ထွက်လာတဲ့ စာလုံးတွေက Judicial, Unusual, Loyal, Youthful ဆိုပဲဗျ။ ကောင်းလိုက်တဲ့ စာလုံးတွေနော်။ J မ၀င်ကြနဲ့အုံး။

ဘာရယ်တော့ မဟုတ်ပါဘူး။ အပျင်းပြေ စာလုံးတွေကို ကလိကြည့်တာပါ။

8 comments:

WWKM said...

ဟဟ မိုက်တယ် ကူးသွားပြီနော်။

Dream said...

ဟားဟား.. မိုက်တယ်ကွာ ဦးဦး7တို့က(မလိမ္မာဘူး):P :P
ဒါဆိုနောက်နေ့ကစပြီး.. ဦးဦးချဲဘန်းယို့မထော်ဒေါ့ဖူး..
ဦးဦးဂျိုလီလို့ဖဲ ထော်ဒေါ့မယ်.. အဟတ်အဟတ်
:P :P

Dream said...

ဟဲဟဲ.. ပြောချင်လွန်းလို့ နောက်တစ်ခေါက်ပြန်လာတာ..ဦးဦးချဲဘန်းရေ..
ဟီးဟီး.. :P
DREAM ဆိုတော့

ီအန္တာရယ်ထဲကလွတ်မြောက်ပြီး (D)
သောကနည်းပါးတဲ့(R)
အကောင်းဆုံး(E)
စွဲဆောင်မှုရှိတဲ့(A)
ရင့်ကျက်တဲ့ကလေး(M)လို့
အဓိပ္ပါယ်ရတယ်နော်.. ဟိဟိ..


ကိုယ့်ဟာကိုယ်ပဲကောင်းတာ ဆွဲတွေးသွားတာ.. ဟားဟား..

Blogနာမည်အပြင်
တကယ့်နာမည်အရင်းလေးရဲ့
အဓိပ္ပါယ်ကလည်းကောင်း
လို့ သေသေချာချာလေးမှတ်သွားပါတယ်.. :P :P

JulyDream said...

မ၀ါရေ...
ကူးသွားပါ ခင်ဗျ။ သေချာလည်း ကူးအုံးနော်။ Kissass နဲ့ Kickass မှားနေမှာ စိုးလို့ပါ။

ဒူးရင်းရေ...
ဘာလဲဟ ချဲဘန်းယို့ ဆိုတာ။ ယောကျာ်းပဲ ယူတော့မယ် ဒီအရွယ်ထိ စကားလည်း မပီသေးဘူးလားဟယ်။ တော်ကြာ ယူမယ့် ယောက်ျားက အသက်မပြည့်တဲ့ ကလေးထင်ပြီး ထားခဲ့ရင် မငိုနဲ့အုံးနော်။ အဟက်...

:P said...

အောက်ကပိုစ့်တွေနဲ့ပေါင်း မန့်သွားပါတယ်..
ကောင်းတယ်လို့....

JulyDream said...

ပေါင်းမန့်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကောင်းတယ်လို့တော့ မထင်ရဲပါဘူး။ တခါတလေ ရေးချင်သလို လျှောက်ရေးနေတတ်လို့ပါ။ ပေါ့ပေါ့ပါးပါး လေးတွေပေါ့ဗျာ။

Pinkgold said...

J တော့မ၀င်ဘူး A to Z ၀င်သွားတယ်

JulyDream said...

ပင့်ဂိုလ်း...
တချို့က ဂျေပဲ ၀င်တာ ညည်းက အေတူဇက် အကုန်ဝင်တယ်ဆိုတော့ ညည်း က ပိုဆိုးတာပေါ့။