.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, November 20, 2008

Vice President of (fluff)


Facebook ထဲက fluff friends application မှာ သမ္မတရွေးပွဲလုပ်နေတာကို ကျွန်တော် ၀င်ပြိုင်ထားကြောင်း နိုဝင်ဘာလ ၆ ရက်နေ့မှာ ပို့စ်တစ်ခု တင်ဖူးပါတယ်။ မဲပေးချိန်က ၁၄ ရက်ပါ။ မနေ့က ၁၉ ရက်နေ့မှာ ရွေးကောက်ပွဲ ရလဒ်ကို ကြေညာပေးသွားပါတယ်။

မဲအများဆုံးရတဲ့ ထိပ်ဆုံး ၂ ရာခိုင်နှုန်းကို သမ္မတအဖြစ် ရွေးချယ်ပါတယ်။ ဆိုလိုတာက ၀င်ရောက်ယှဉ်ပြိုင်တဲ့ အခြားသော ၉၈ ရာခိုင်နှုန်းသော သူတွေထက် မဲပိုရတဲ့သူတွေပေါ့။ မဲအရေအတွက် အများဆုံး ၂ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းကြား ထောက်ခံမဲရသူများကို ဒုတိယ သမ္မတအဖြစ် ရွေးချယ်ပါတယ်။ အဲဒီလိုပဲ ရရှိတဲ့ ထောက်ခံမဲ အရေအတွက်ပေါ် မူတည်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူတွေ၊ အတွင်းရေးမှူးတွေ၊ လွှတ်တော် ဥက္ကဌတွေ၊ လွှတ်တော်အမတ်တွေ၊ ကိုယ်စားလှယ်တော်တွေ၊ သံအမတ်တွေ အဆင့်ဆင့် ရွေးချယ်သွားခဲ့ပါတယ်။

ကျွန်တော်ကိုဇူလိုင်ရဲ့ fluff friendsလေးကတော့ မဲအများဆုံးရဲ့ထိပ်ဆုံး ၂ ရာခိုင်နှုန်းနဲ့ ၄ ရာခိုင်နှုန်းကြားမှာ ၀င်နေတဲ့အတွက် fluff friends နိုင်ငံတော်မှာ ဒုတိယ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံခဲ့ရပါပြီ။ ဒုတိယ သမ္မတရဲ့ အဆောင်အယောင်ဖြစ်တဲ့ တံဆိပ်တုံးနဲ့အတူ အထူးလေယာဉ်ပျံ တစ်စီး ရပါတယ်။ သမ္မတကတော့ အိမ်ဖြူတော်၊ တံဆိပ်တုံးနဲ့ အထူးလေယာဉ်ပျံ တစ်စီး ရပါတယ်။

ကျွန်တော့်ကို facebookမှာ မဲလာပေးတဲ့ ဘလော့ဂါတွေလည်း ရှိပါတယ်။ ဘလော့ဂါ ၅ ယောက်လောက်ပေါ့။ မဲအများစုကတော့ တစ်ခါမှ မသိဖူးတဲ့ Facebookထဲက လူတွေ ပေးသွားခဲ့တာပါ။ စုစုပေါင်း လူပေါင်း ၂၀၀ နီးပါး မဲပေးသွားခဲ့ကြပါတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ မဲပေးဖို့ ပို့စ်တင်ခဲ့ပြီး ရွေးကောက်ပွဲ အဖြေထွက်တာကို မပြောရကောင်းမလား ဆိုပြီး အပြစ်တင် ခံနေရမှာ စိုးရိမ်လို့ အရေမရ အဖတ်မရ ကွမ်းစားတဲ့ ပို့စ်လေး တင်လိုက်တာပါ။ စင်္ကာပူမှာ အင်တာနက် ကောင်းကောင်း ရလို့လည်း ဒါမျိုးတွေ ကလိနိုင်တာပါဗျာ။ မြန်မာပြည်မှာဆိုရင်တော့ စိတ်တောင် မကူးရဲပါဘူး ခင်ဗျ။

10 comments:

Red's Rose Dream said...

မနာလိုဘူး။

JulyDream said...

မနာလို မရှိပါနဲ့ Speaker of the(fluff)ရယ်။ ဟဟ...

khin oo may said...

:P

ThuHninSee said...

အဲ.. မဲပေးမိရဲ့လားမသိဘူး။
ကြိုဆိုပါတယ်.. ဂျိုးဂျုလိုင် (ဒုသမ္မတဆိုလို့လေ)

လင်း said...

ဒု-သမ္မတကြီးရှင့် ပိုက်ဆံချေးထားတာ ပို့ ဖို့ မမေ့ပါနဲ့ ။

သောကြာသား said...

တုတမတဂျီး .. အတက်ယာဂျော်ရှေဘာဇေ . . . အဟဲ ..

khin oo may said...

ပိုက်ပိုက်ချေးဘို့လူများလာတာပေါ့. အစ်မ ကိုလဲ ၁၀၀၀၀ လောက်..

JulyDream said...

မမွန်...
မဲပေးထားတာ မတွေ့မိဘူး ခင်ဗျ။

မလင်း...
သီတင်းကျွတ်တာ ကြာလှပြီနော်။ ယောကျာ်း ပေးစားလိုက်ရမလား။ ကဲ ပြော..

သောကြာသားလေးက စကား မပီဘူး ထင်တယ်။ ဆုတောင်းစာကို မနည်း ဖတ်ယူလိုက်ရတယ် ဗျာ။ ဟဟ..

မခင်ဦးမေ...
၁၀၀၀၀ ဆိုတာ မြန်မာငွေ ဆိုရင် ချက်ချင်းကို ချေးလိုက်ပါမယ်။ စင်္ကာပူ ဒေါ်လာ ဆိုရင်တော့... အဟက် အဟက်... ကျွန်တော်မှာ အဲဒီလောက် မရှိဘူး ခင်ဗျ။

Dr. Junior said...

ပါမစ်လေး ဘာလေး လုပ်စရာ မရှိဘူးလား။ ရာထူးလေး ရတုန်းလေး။

JulyDream said...

ဂျူနီယာကို... နယ်စွန်နယ်ဖျား ပို့စေလို့ အမိန့်ထုတ် လိုက်ရမလား ခင်ဗျ။ တောရွာ ဇနပုဒ်က ပြည်သူတွေကို အကျိုးပြုဖို့ပါဗျာ။