.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, October 15, 2007

For my friend

သူငယ်ချင်းအတွက်

ကလေးများ အားလုံးလဲ
စာသင်မယ့် ဆရာကို မျှော်နေတယ်
အိုး ... စာသင်ခုံတွေလည်း
ဖရိုဖရဲ ပိုးစားခြကိုက်နဲ့။
ခေါင်းလောင်းကြီးလည်း အိပ်ပျော်နေဆဲ
အသံမမြည်နိုင်ရှာတယ်
အိုး ... စာအံသံတွေ ကြားချင်ပါတယ်
ကွက်လပ်ဖြည့်လိုက်ပေါ့ကွယ်။

ကျေးလက်က ဆရာသူငယ်ချင်းရေ
ခေါင်းလောင်းကြီး အသံတွေ ချိုမြမယ် ...
အားလုံးအတွက် တာဝန်တွေ ထမ်းဆောင်တဲ့
မင်းအတွက် ဒို့ ဂုဏ်ယူလိုက်ပါတယ်။

ဆေးပေးခန်းထဲ ပင့်ကူတွေလဲ
အခိုင်အမာ အိမ်ယာဖွဲ့
အိုး ... လူနာကုတင်တွေလည်း
ဖရိုဖရဲ ပိုးစားခြကိုက်နဲ့။
ဆင်းရဲလွန်းတဲ့ ဘ၀အတွက်
တကယ်ပဲ ချူချာနေရှာတဲ့
လူတွေအကုန် ကျန်းမာရေးအတွက်
ကွက်လပ်ဖြည့်လိုက်ပေါ့ကွယ်။

ကျေးလက်က ဒေါက်တာသူငယ်ချင်းရေ
စိတ်ဓါတ်ကလေး ဖြူစင်သန့်ရှင်းတယ် ...
အားလုံးအတွက် တာဝန်တွေ ထမ်းဆောင်တဲ့
မင်းအတွက် ဒို့ ဂုဏ်ယူလိုက်ပါတယ်။

ကျွန်တော် အကြိုက်ဆုံး အဆိုတော် ဖြစ်တဲ့ ကိုငှက်ကြီး (ခ) ထူးအိမ်သင်ရဲ့ သီချင်းလေးတစ်ပုဒ်ပါ။ တေးရေးကလည်း ထူးအိမ်သင် ရေးတာပဲလို့ ထင်ရပါတယ်။ သီချင်းလေးက အများအကျိုးအတွက် ကျေးလက်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သူငယ်ချင်း ကျောင်းဆရာနဲ့ ဒေါက်တာတွေကို ဂုဏ်ယူတဲ့အကြောင်း ရေးဖွဲ့ထားတာပါ။ အဲဒီလိုမျိုး ကွက်လပ်ဖြည့်တယ် ဆိုတာ တကယ်တော့ မလွယ်ဘူး ခင်ဗျ။ ပီတိကိုစား အားရှိတယ်ဆိုတာ တကယ်လုပ်ကြည့်ရင် မလွယ်ဘူး ဆိုတာ သိလာပါမယ်။ ကွက်လပ်ဖြည့်နေပေမယ့် အခန့်မသင့်ရင် ကိုယ်တိုင် ကွက်လပ်ဖြစ်သွားရတယ်။ ဆရာဝန်လည်း ဆရာဝန် အလျှောက်၊ ကျောင်းဆရာလည်း ကျောင်းဆရာ အလျှောက် နိုင်ငံတာဝန်ကို ထမ်းဆောင်နေပေမယ့် မလိုတမာ ချွန်တွန်းတွေနဲ့ တွေ့ရင် အချွန်နဲ့ မခံရတယ်။ ဘ၀တွေ ပျက်ရတယ်။

တခါတလေ စဉ်းစားမိတယ်။ ကိုလိုနီခေတ်က အလိုတော်ရိတွေ ဆိုတာ ဘွဲ့တံဆိပ် ဂုဏ်ထူးတွေ ရလို့ ချွန်တွန်းလုပ်ကြတာပါလို့။ အခုခေတ်ကြီးမှာ ကိုယ့်မြန်မာနိုင်ငံသားချင်းကို ဘာအကျိုးတွေ မျှော်ကိုးပြီး မလိုတမာ ဂုန်းတိုက် သတင်းပေးတွေ လုပ်နေကြတာလဲ။ ဘာတွေ ရလာလို့လဲ။ ၀ဋ်ဆိုတာ လည်တတ်တယ်ဆိုတာ မသိတာလား။ သိရဲ့သားနဲ့ မိုက်နေကြတာလား။ ကွက်လပ်ဖြည့်နေတဲ့သူတွေကို ဂုဏ်ယူ မနေပဲ ချွန်တွန်း ဂုန်းတိုက်နေကြတာ မနာလိုတာလား။ လူမှုရေးလုပ်လို့ ကျော်စောလာတာကို မရှုစိမ့်တာလား။ လူမှုရေးအလုပ်တွေကို လုပ်နိုင်ရင်လည်း လုပ်ကြပါ။ မလုပ်ရဘူးလို့ မပြောပါဘူး။ မကူညီရင်လည်း နေပါ။ အပြစ်မရှာကြပါနဲ့ဗျာ။ မနှောင့်ယှက်ကြပါနဲ့ဗျာ။

ကျွန်တော်ကတော့ မြန်မာပြည်သူ အားလုံးအတွက် တာဝန်ထမ်းဆောင်နေတဲ့၊ စိတ်ဓါတ်ဖြူစင် သန့်ရှင်းတဲ့ ကျွန်တော့် သူငယ်ချင်း လူမှုကရုဏာရှင်တွေကို ဂုဏ်ယူမိပါတယ်ဗျာ။

4 comments:

ခွန်မြလှိုင် said...

အင်း လူကြားထဲ မထွက်ဘဲ အိမ်ထဲနေရင်း ကျော်စော စရာလဲ မရှိတဲ့ ကိုယ့်အချိန်လေး ကိုယ်ဖဲ့ ပေး ပြီး ကိုယ့်ထမင်း ကိုယ်စားပြီး စာရေးတဲ့ ဘလော့ဂါတောင် ချောက်ချခံရသေးတော့ အော်.. အသင် လောက လို့ပဲ ဖာတစ်လုံး ခေါင်းကျားလို အော်လိုက်ချင်တာပဲ

Unknown said...

ဝေးရပ် က ဇူလိုင်သူငယ်ချင်းရယ်
စိတ်ဓါတ်က ဖြူစင်သန့်ရှင်းတယ်
အားလုံးအတွက် တာဝန်တွေ ထမ်းဆောင်တဲ့
မင်းလေး အတွက် ဒို့ ဂုဏ်ယူလိုက်ပါတယ်

Chaos said...

အခုခေတ်မှာ
အဲ့လိုလူမျိုးတွေ ရှားသွားပြီနော်

Angel Lay said...

'DoDcsif;av;udk i,fi,fwkef;uwnf;u em;axmifzl;ygw,f/ udk,fwwfwJhynmeJU wdkif;jynfudk tvkyftauR;jyKr,fqdkNyD;awmhvnf; pdwful;,OfcJhzl;w,f/ q,fwef;atmif&if udk,f0goemrygayr,fh rdbawGoabmus aq;ausmif;wufr,fayghaemf/ tJ'DrSmyJ tazu FRC uaeEdkifiHom;avQmufxm;wmukd csray;yJeJUtcsdefawGMumaecJhw,f/ udk,fhtrSwfu aq;ausmif;rDawmh avQmufMunfhw,f/ toem;cHpmawGwifNyD;awmhvnf; q&m0efjzpf&if aus;vufawGrSm wm0efxrf;aqmifNyD; tusdK;jyKyghr,fvdkUvnf; uwday;ygw,f/ 'gayr,fh r&cJhygbl;/ rdbawGuawmh t&rf;0rf;enf;Muwmaygh/ udk,fhuawmh xHk;pHtwdkif; E ar*sm,lNyD; aemufqHk; EdkifiHjcm;yJxGufvmjzpfwmygyJ/ &ifzGifhvdkufwm enf;enf;&SnfoGm;w,f/ bmyJjzpfjzpf 'DoDcsif;pmom;av;udk jyefawGU&vdkU aus;Zl;wifygw,faemf/