.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, October 28, 2007

So why immaturity

ငယ်သူမို့

စိတ်အလိုကို လိုက်ကာ
ငယ်သူမို့ မသိတတ်ခဲ့ပါ။
ဟိုးတစ်ချိန် ပြန်လွမ်းစရာ
ပျော်ရွှင်သော ချစ်ရက်များစွာ
တို့နှစ်ယောက်ရဲ့ အချစ်ဟာ
ငြိမ်းချမ်းတဲ့ ကံဇာတာနယ်မှာ
လမ်းဖြောင့်ဖြောင့် သာမယ်ထင်ခဲ့တာ။

အမှားအမှန်ကို ချင့်ချိန်
ပြင်နိုင်တဲ့ တို့နှစ်ယောက်
အသိဥာဏ် မပြည့်စုံနိုင်သေးခင်
ထင်ရာပဲ စိုင်းခဲ့မိတာ
အကျိုးအမြတ် ရလဒ်ဟာ
လွမ်းခဲ့တဲ့ ရာသီအိုချိန်မှာ
ကျောခိုင်းခဲ့ ညောင်ညိုပင်အောက်မှာ။

စိတ်တွေလည်တိုင်း မျက်ရည်ရယ်ဝိုင်း
လွမ်းစရာရယ် အရာရာဖြစ်ခဲ့ပြီ။
မိုးတွေရွာတိုင်း အသည်းအိမ်မှာလှိုင်း
ရင်ခွာညှာရယ် အဆွေးကြီးဆွေးပြီ။

သို့ပေမဲ့လည်းလေ ...
နယ်မြေခြားချင်း စည်းတားခဲ့ပြီ။
အခုချိန်မှာ ဘ၀တွေ
ဘယ်လိုမှ မနီးကြတော့ပေ
အဝေးကတော့ စိတ်တွေ
သတိရလို့ နေနေပါတယ်လေ
မေ့မရတဲ့ ငယ်ချစ်ဦးရေ ...
မေ့မရတဲ့ ငယ်ချစ်ဦးရေ ...

စိုးလွင်လွင်ရဲ့ ငယ်သူမို့ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ ထုံးစံအတိုင်း တေးရေးကို မသိပါဘူး။ စိုးလွင်လွင် ရေးတာလို့ပဲ ထင်မိပါတယ်။ သီချင်းလေးက အတော်လေးကို ကောင်းပါတယ်။ စာသားတွေကလည်း အဓိပ္ပာယ် အရမ်းရှိတယ်ဗျာ။ သီချင်းတစ်ပုဒ်လုံးကို အလွတ်မရပါဘူး။ ဒါပေမယ့် အဲဒီသီချင်းလေးမှာ စိတ်တွေလည်တိုင်း မျက်ရည်ရယ်ဝိုင်း ... ဆိုတဲ့စာသားနဲ့ မိုးတွေရွာတိုင်း အသည်းအိမ်မှာလှိုင်း ... ဆိုတဲ့ စာသားလေးကို သဘောကျမိတယ်။ အဲဒီစာသားလေးတွေပဲ မှတ်မိတာ။ အဲဒီစာသား ရွတ်ပြပြီး သီချင်းဖိုင်ကို နေးတစ်မြန်မာဖိုရမ် သူငယ်ချင်းတွေဆီကနေ တောင်းယူထားတာလေ။ အခုတလော မိုးတွေ သည်းနေတော့ ပါးစပ်ဖျားမှာ အဲဒီသီချင်းပဲ ဆိုငြီးနေမိတယ်။ အဲ..... သီချင်းစာသားလေးက ကဗျာဆန်ဆန်လေးနဲ့ ကာရံလိုက်တာကိုးဗျ။

3 comments:

Layma said...

ဒီသီချင်း သိပ်ကြိုက်တာ...။ စာသားအတွက် ကျေးဇူး...။

Winkabar said...

ဒီသီချင်း ကစိုးလွင်လွင်ရေးတာဟုတ်တယ်။
စိုးလွင်လွင်ဆိုတာတော့ နားမထောင်ဖူးဘူး။
မိုးကောင်းကင်ကိုဖွင့်ခဲ့သူဆိုတဲ့အခွေထဲမှာသူ့သမီး ပြန်ဆိုထားတာတော့နားထောင်ဖူးတယ်။ ဘာဘူနဲ့တွဲပြီးတော့။
အရမ်းနားဝင်ချိုတာပဲ။

Unknown said...

ဒီသီချင်းလေးကိုလည်း အရမ်းကြိုက်ပါတယ်။ အခုပြန်ဆိုတာတွေတော့ အရင်လောက် မကောင်းဘူးထင်တာပဲ။