.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, October 12, 2007

This rain

ဒီမိုး

ဒီလိုမိုးသည်းထဲမှာ တွေ့ခဲ့ရတဲ့
ကောင်မလေး တစ်ယောက်ကို
အကြင်နာတွေ အကုန်စင်
စုစည်းကာ ချစ်မိပြီ ...
ဒီလိုမိုးသည်ထဲမှာ မွေးပျံ့ခဲ့တဲ့
အကြင်နာ အနမ်းများကို
တိမ်ပြာတွေ ညိုလေတိုင်း
ဆွေးကာ တမ်းတလို့ ...

ဒီမိုး ဒီမိုး ဒီမိုး သည်းတွေနေ့တွေ
ဒီမိုး ဒီမိုး ဒီမိုး သည်းတွေညတွေ
ရှည်လွန်းတယ် ...

ဒီလိုမိုးသည်းထဲမှာ လမ်းခွဲသွားတဲ့
ကောင်မလေးတစ်ယောက်ကို
ဝေဒနာတွေ အကုန်စင်
သိမ်းဆည်းကာ ထွေးပွေ့လို့ ...
ဒီလိုမိုးသည်းထဲမှာ ရရှိခဲ့တဲ့
ဝေဒနာလေးများကို
နာကျင်စွာ ခံယူရင်း
မျက်ရည် စီးကျလို့ ...

ဒီမိုး ဒီမိုး ဒီမိုး သည်းတွေနေ့တွေ
ဒီမိုး ဒီမိုး ဒီမိုး သည်းတွေညတွေ
ရှည်လွန်းတယ် ...

ကံကြမ္မာဟာ မင်းပဲ အချစ်ရေ
နေချင်ပါတယ် ထားတဲ့ဘ၀မှာ
နေရောင်မမြင်တဲ့ မိုးသည်းထဲ
နေနိုင်ပါတယ် အချစ်ကလေးရယ်။

နေနေနိုင်ပါတယ် နေနေနိုင်ပါတယ်
နေနေနိုင်ပါတယ် နေနိုင်ပါတယ်

ဒီလိုမိုးသည်းထဲမှာ နှုတ်ဆက်ထွက်ခွါ
ရီဝေတဲ့ အကြည့်ကို
ပြန်လည်ကာ မြင်ယောင်တိုင်း
အသည်းမှာ စူးနစ်လို့ ...
ဒီလိုမိုးသည်းထဲမှာ မိုးနဲ့မျက်ရည်
ဘယ်သူ ခွဲခြားမလဲ
ကိုယ်တိုင်ငိုနေသူပဲ သိနိုင်စွမ်းရှိလို့ ...

ဒီမိုး ဒီမိုး ဒီမိုး သည်းတွေနေ့တွေ
ဒီမိုး ဒီမိုး ဒီမိုး သည်းတွေညတွေ
ရှည်လွန်းတယ် ...

ဂျေညီညီရဲ့ ဒီမိုး ဆိုတဲ့ သီချင်းလေးပါ။ အရှေ့တစ်ခေါက်တုန်းက အချစ်မိုးဆိုတဲ့ သီချင်းလေးအကြောင်း ရေးဖူးပါတယ်။ အဲဒီမှာကတည်းက ဒီမိုး ဆိုတဲ့ သီချင်းလေးကို ကြိုက်တယ်ဆိုတဲ့အကြောင်း ကျွန်တော် ရေးခဲ့ဖူးပါတယ်။ အကြောင်း မတိုက်ဆိုင်သေးတော့ ဘလော့မှာ မတင်ဖြစ်ဘူးလေ။ သီချင်းလေးက ပျော်စေတဲ့ ရသလေးရော ၀မ်းနည်းစေတဲ့ ရသလေးရော ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် အပျော်ထက် အလွမ်းကို ပိုစေပါတယ်။ အဲဒီအလွမ်းလေးတွေမှာ အပျော်လေးတွေကို ပြန်တမ်းတနေသလိုပဲ။ အတော်လေးကို ကြည်နူးပျော်ရွှင်ခဲ့မယ့် ချစ်သူဘ၀လေးကို တွေ့နေရပြန်တယ်။ အရမ်းကို ဆွတ်ပျံ့ဖွယ်ပဲဗျာ။ ကြေကွဲဖို့လဲ ကောင်းတယ်။ ဇာတ်လမ်းအစအဆုံး မိုးသည်းထဲမှာပဲနော်။ မိုးကို ချစ်တဲ့ ကျွန်တော့်အတွက် စိတ်ကူးယဉ်လို့ ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။ ဒါနဲ့ ဒီနေ့ နေ့လည်နဲ့ ညနေပိုင်းမှာ မိုးတွေ အရမ်းသည်းတယ်ဗျို့။ ဒီမိုးဆိုတဲ့ သီချင်းလေးအတိုင်း မိုးတွေ သည်းနေတယ်။ ဒါပေမယ့် အဲဒီ မိုးသည်းထဲမှာ ကျွန်တော်တော့ ဘယ်သူမှ မတွေ့ခဲ့ဘူးဗျာ။ ဘယ်တွေ့မလဲ အပြင်မထွက်နိုင်အောင် အလုပ်များနေတဲ့ ရုံးခန်းထဲမှာကိုး။ ဒါပေမယ့် ... တစ်ယောက်တော့ တွေ့လိုက်တယ် ... ဘယ်သူလဲ ဘယ်မှာလဲလို့ မမေးနဲ့ ပြောပြဘူး။ အဟဲ ...

No comments: