.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, October 7, 2007

The vanished reward

မင်းခယောင်္ကျား

ရွှေဗဟိုရ်စည်သံ မကြားရတဲ့အဝေးမှာ
တာဝန်လွယ်ကာ စစ်ကြောင်းထွက်နေရ
ပြည်တော်မပြန်နိုင်တဲ့ မင်းခယောင်္ကျား
ကိုယ်ရယ်ပါ ကိုယ်ရယ်ပါ။

ဘယ်ဆီကိုမျှော်မှန်းပြီး လွမ်းရပ
နေရောင်မမြင်နိုင် ရိပ်ကြီးတောတောင်ကြား
တော်ရာမှာမပျော်တဲ့ မင်းခယောကျာင်္း
ကိုယ်ရယ်ပါ ကိုယ်ရယ်ပါ။

ညင်းယာဉ်ကလေးနဲ့ ညလေညှင်းခံကာ
အဖေါ်အပေါင်းများနဲ့ ထွက်ကစားတဲ့အခိုက်မှာ
ကိုယ့်ရွှေမင်းသမီးလေး ယောင်လို့တောင်မှ
အဝေးရောက် တစ်ယောက်သောသူကို သတိရမလား။

တခါတလေတော့လည်း ၀မ်းတော့အနည်းမိသား
မမြင်တာကြာလို့ မေ့များသွားပြီလား
ပျော်ရာမမျှော်သာတဲ့ မင်းခယောကျာင်္း
ကိုယ်ရယ်ပါ ကိုယ်ရယ်ပါ။

စိုင်းထီးဆိုင်ရဲ့ သီချင်းတစ်ပုဒ်ပါပဲ။ တေးရေးဆရာကတော့ ဘယ်သူမှန်း ကျွန်တော် မသိဘူးခင်ဗျ။ မင်းခယောကျာင်္း ဆိုတဲ့ ခေါင်းစဉ်လေးကိုတော့ ကြိုက်မိတယ်။ ဒီသီချင်းကို နားလည်ခံစားမိတာက ဒီလိုဗျ။

တကယ်ဆို ကိုယ်မွေးရပ်မြေ၊ မြို့ပြတွေမှာ မနေရပဲ တာဝန်အလျှောက် နေရောင်တောင် မမြင်ရတဲ့ တောကြိုတောင်ကြားမှာ နေထိုင်နေရတဲ့ မင်းခယောကျာင်္းတွေ ဘ၀က တကယ့်တော့လည်း သနားစရာပါ။ သူတို့လည်း လောကီသားပဲ ကိုယ့်ချစ်တဲ့သူတွေရှိတဲ့ အရပ်မှာ ပျော်ချင်တာပေါ့ဗျာ။ လွမ်းချင်တာတောင် ဘယ်လို လွမ်းရမှန်း မသိတဲ့ အခြေအနေမှာ ရောက်နေတော့လည်း လုပ်သင့်လုပ်ထိုက်တဲ့ တော်ရာဘ၀ ဖြစ်နေပေမယ့် မပျော်နိုင်တာ သဘာဝကျပါတယ်။ သူတို့တွေ တောကြိုအုံကြားမှာ ခက်ခဲပင်ပန်း ဆင်းရဲနေပေမယ့် မင်းသမီးလေးကတော့ နေပြည်တော်မှာ ဝေါယာဉ်လေး စီးပြီး ညနေပိုင်းမှာ လေညှင်းခံ ထွက်နေနိုင်ပါတယ်။ အဖေါ်အပေါင်းတွေနဲ့ ပျော်ရွှင်မြူးထူး ဆော့ကစားနိုင်ကြပါတယ်။ ဒါပေမယ့် ရွှေမင်းသမီးလေးကတော့ မြို့ပြရဲ့ အဝေးတစ်နေရာမှာ တာဝန်ထမ်းဆောင်နေရတဲ့ မင်းခယောင်္ကျားကို ယောင်လို့တောင်မှ သတိရပါမလားနော်။ တခါတလေတော့လည်း ဒီလို အမေ့ခံထားရတဲ့ အဝေးရောက် မင်းခယောင်္ကျားတွေလည်း ၀မ်းနည်းမိမှာပါ။ မေ့များသွားပြီလားဆိုတာ စိုးရိမ်စိတ်နဲ့ ပျော်ရာဘ၀တွေကို ဒီတစ်သက်မှာ မမျှော်ရဲကြတော့ဘူးပေါ့ဗျာ။

ဒီလိုပါပဲ ဝေးရပ်မြေတခြားမှာ အလုပ်လာလုပ်ရတဲ့ သူတွေလည်း ချစ်တဲ့သူတွေအတွက် လှပတဲ့ အနာဂတ်ဘ၀လေးတွေ တည်ဆောက်မယ်ဆိုတဲ့ စိတ်ကူး အိမ်မက်လေးတွေကို ကိုယ်စီ ရင်ထဲမှာလွယ်ပြီး အပင်ပန်းခံ ရုန်းကန် ကြိုးစားနေကြပါတယ်။ ဒါပေမယ့် အဲဒီလို ကြိုးစားနေရတဲ့ ဘ၀လေးကို အမိမြေက ချစ်သူလေး နားလည်သိရှိပါမလား။ လက်ရှိဘ၀မှာပဲ သူငယ်ချင်းတွေနဲ့ ပျော်နေပြီး အဝေးရောက်နေတဲ့ တစ်ယောက်သောသူကို သတိတရ ရှိပါမလား။ မမြင်တာကြာလို့ မေ့များသွားပြီလား ဆိုပြီး တိုးတိတ်စိုးထိတ်နေရတဲ့... တော်ရာဘ၀မှာ မပျော်နိုင်ကြတဲ့... ပြည်တော် မပြန်နိုင်သေးတဲ့... အဝေးမြေရောက် ရွှေမြန်မာများကိုလည်း ရည်ညွှန်းထား သလားလို့ဗျာ။

မင်းခယောင်္ကျားဆိုတဲ့ သီချင်းလေးအပေါ် ဖွင့်ဆိုမိတဲ့ ကျွန်တော်ရဲ့ အဖြူရောင်သပ်သပ် ခံစားချက် စိတ်ကူး မိုးတိမ်များသာ ဖြစ်ပါတယ် ခင်ဗျာ။

1 comment:

Anonymous said...

ဒီသီချင်းကို လိုချင်ပါတယ်.. ဒေါင်းလုတ်ချစရာ လင့်ခ်မပေးထားဘူးထင်တယ်.. ဖြစ်နိုင်မယ်ဆိုရင် ပို့ပေးစေချင်ပါတယ်.. ကျေးဇူး.. (demokitto@gmail.com)

ဒီမို