.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, October 2, 2007

What kind of lover?

ကျွန်တော် ဘယ်လိုလူစားမျိုးလဲ၊ ဘယ်လို ချစ်တတ်သူလဲဆိုတာကို မေးကြည့်ထားတာလေးပါ။ မေးထားတဲ့ မေးခွန်းတွေကို သေသေချာချာ ဂရုတစိုက် ဖြေဆိုခဲ့ပါတယ်။ ထွက်လာတဲ့အဖြေအရ ကြော်ငြာတယ်လို့ ၀ိုင်းပြီး အစအနောက်ခံ၊ အပြောခံရမှာကို သိနေပေမယ့် ဘလော့မှာ အမှတ်တရလေး တင်ထားလိုက်ချင်ပါတယ်။ အခု ရက်တွေမှာ စိတ်တွေက လေးလံထိုင်းမှိုင်းပြီး နာကျည်းချက်တွေ များနေတယ်လေ။ ဘာပဲဖြစ်ဖြစ်လေ ဒါလေးက စိတ်တွေကို ကြည်လင် ပေါ့ပါးသွားစေပါတယ်။ အဲဒီထဲမှာတော့ ကျွန်တော့်ကို ရတဲ့သူကတော့ အတော်လေးကို ကံကောင်းမယ် ဆိုပဲဗျ။ ကျွန်တော့် ကံကောင်း မကောင်းတော့ မသိဘူးပေါ့နော်။ အဟား ...

အပျော်သဘောပဲဖြစ်ဖြစ် အလေးအနက်ထားလို့ပဲ ဖြစ်ဖြစ် မေးကြည့်ချင်ရင်တော့ သွားကြည့်လိုက်ပါ။ အဖြေ မှန် မမှန်တော့ ကျွန်တော်လည်း မပြောတတ်ဘူးနော်။ ကံကိုယုံပြီး ဆူးပုံတော့ မနင်းကြနဲ့ပေါ့ဗျာ။

You Scored a 90% which means you are a ....

You are a passionate lover. You are the complete package and you recieve the complete package. You are NOT selfish and yet you still don't get walked all over. You're what everyone looks for and you show the opposite sex what it is like to truly be loved. Anyone who gets you is truly lucky.

What kind of lover are you
Take More Quizzes

1 comment:

နှင်းပွင့်ဖြူ said...

တူတူပဲ... အဖြေက...
ကျွန်မ ကို ရမည့်သူကလည်း ကံကောင်းတယ်ဆိုပဲ ... ဟီးဟီး
:thinking: